မင်္ဂလာတောင်ညွန့်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

News Image

  • မင်္ဂလာတောင်ညွန့်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများအား  အစိုးရသစ်လက်ထက် ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမောင်မောင်က ကြီးကြပ်၍ ဧပြီ ၂၅ ရက်တွင် ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်လဝကမှူး ဒေါ်မြမြသန်း၊ ဒုတိယလဝကမှူး ဒေါ်ဆုဆုလှိုင်နှင့် လက်ထောက်လဝကမှူး ဦးမင်းခန့်အောင်တို့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

MDN