ဗီယက်နမ်မြောက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားသောကြောင့် ကလေးသုံးဦး သေဆုံး
ဟနွိုင်း ဧပြီ ၂၆
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း တောင်တန်းပြည်နယ်တစ်ခုဖြစ်သော လိုင်ချောတွင် ဧပြီ ၂၆ ရက် အစောပိုင်းက အိမ်မီးလောင်မှုဖြစ်ပွားရာမှ ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။
ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် ကလေးမိဘများအပြင်သို့ သွားရောက်နေစဉ် မီးဖိုချောင်အတွင်းမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၁၄ နှစ်အရွယ်၊ ၁၂ နှစ်အရွယ်နှင့် ခုနစ်နှစ်အရွယ် ကလေးသုံးဦးသည် မအိပ်မီ တံခါးကို အတွင်းမှပိတ်ထားသဖြင့် ရွာသားများက အချိန်မီ မကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ နံနက် ၄ နာရီခန့်တွင် မီးကိုထိန်းချုပ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးနှင့် အနီးရှိ စာသင်ခန်းတစ်ခန်းတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ
MDN
MM-News-Category

,