ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID များ ကွင်းဆင်းဆောင်ရွက်

News Image

  • ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID(Smat Card)များ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့က လက်ခုပ်ကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့်ဝန်ထမ်းများက လက်ခုပ်ကုန်းကျေးရွာတွင် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းနှင့် UID (Smart Card)မပြုလုပ်ရသေးသူများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်

MDN