တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး ချစ်ကြည်ရေးစာချုပ်ကို ထပ်မံသက်တမ်းတိုးရန် သဘောတူ
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့သို့ရောက်ရှိနေသော ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် မေလ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ထပ်မံသက်တမ်းတိုးရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူကြောင်း သိရသည်။
ယခုနှစ်က တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် နှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် (၂၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့် ကမ္ဘာ့နိုင်ငံကြီးများဖြစ်သည့် အားလျော်စွာ မဟာဗျူဟာမြောက် ရေရှည်မျှော်မှန်းချက်ကိုထားရှိကာ ပိုမိုအရည်အသွေးမြင့်မားသော ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့် ကမ္ဘာ့အုပ်ချုပ်ရေးစနစ်ကို တရားမျှတဆီလျော်စေရန် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖျင်ကပြောသည်။
ထို့ပြင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူအချင်းချင်း ဖလှယ်မှုစသည့် ကဏ္ဍစုံတွင် ဆက်လက်တိုးတက်နေပြီး နှစ်နိုင်ငံဆက်ဆံရေးက ပိုမိုမြန်ဆန်သော ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။
MWD

,
,