(၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာနှစ်နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

News Image

  • (၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာနှစ်နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

ပဲခူး    မေ   ၂၁

     ပဲခူးမြို့   မြို့တော်ခန်းမ၌   ယနေ့  နံနက်ပိုင်းတွင် (၁၀၉)ကြိမ်မြောက် ဘက်စုံ သားဖွား ဒီပလိုမာနှစ်နှစ်သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သူနာပြုသားဖွားအတတ် ပညာသည် ပြည်သူလူထု၏အခြေခံကျန်းမာရေး တိုးတက်မြင့်မားလာစေရန် ပြုစုစောင့်ရှောက်ပေးရသည့် မြင့်မြတ်သော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ကာ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ရမည့်  အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည်အထိ လက်တွေ့လေ့ကျင့်သင်ယူပြီး လုပ်ငန်းခွင်ဝင်ရာတွင် လည်း လူမျိုး၊ ဘာသာ၊ အတန်းအစား မခွဲခြားဘဲ သူနာပြုကျင့်ဝတ်၊  သိက္ခာ၊ သစ္စာ အဓိဋ္ဌာန်နှင့်အညီ ကျင့်ကြံနေထိုင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆   ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့သော ဒုတိယနှစ်သားဖွား သင်တန်းသူသုံးဦးအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဒေါက်တာ ထူးခြားအောင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့သည့် ပထမနှစ်သားဖွား သင်တန်းသူသုံးဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန် သင်တန်း သူ ၁၀ ဦးအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးကြသည်။

 ယင်းနောက် ကမ္ဘာ့သူနာပြုမိခင်ကြီး မီးအိမ်ရှင်ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအားဖြင့်  သင်တန်းသူများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက် ကြကြောင်း သိရသည်။ 

MWD