ဝမ်းတွင်းမြို့၌ လူထုကျန်းမာရေးလုပ်သားသင်တန်းဖွင့်
ဝမ်းတွင်း မေ ၂၁
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ လူထုကျန်းမာရေး လုပ်သား (အကျဉ်းချုပ်)သင်တန်းဖွင့်ပွဲကို မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နှင်းအိအိသွယ် က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံချက်ညှိနှိုင်းရေးမှူး ဦးခင်မောင်ညွန့်က သင်တန်းကာလအတွင်း တတ်မြောက်ရမည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပညာရပ်များ အကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးလုပ်သားများ၏ အင်အားဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သင်တန်းသား ၃၂ ဦးကို မေ ၂၁ ရက်မှ ဇွန် ၃ ရက် အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သန်းတင်အောင်(ကြေးမုံ)
MDN
MM-News-Category
