ဘားအံမြို့ လှာကာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ RCC တစ်ထပ် ကျောင်းဆောင်သစ်နှင့် စာကြည့်တိုက် အဆောင်သစ်ဖွင့်

News Image

  • ဘားအံမြို့ လှာကာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ RCC တစ်ထပ် ကျောင်းဆောင်သစ်နှင့် စာကြည့်တိုက် အဆောင်သစ်ဖွင့်

ဘားအံ မေ ၂၈

     ဘားအံမြို့နယ် လှာကာကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌   တိုးပွားလာသော   ကျောင်းသားဦးရေနှင့်အညီ ကျောင်းဆောင်သစ်    လိုအပ်ချက်အရ တည်ဆောက်ခဲ့သော ပေ ၉၀ ၃၀ RCC တစ်ထပ်ကျောင်းဆောင်သစ်နှင့် ပေ ၄၀ ၃၀ RCC တစ်ထပ် စာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက အဆိုပါကျောင်းဆောင်သစ်နှင့်   စာကြည့်တိုက် ဆောင်သစ်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး သုတရသ စာအုပ်စာစောင်ပေါင်း ၁၈၀၀ ရှိသည့် ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ   စာအုပ်စာစောင်များ  ဝယ်ယူနိုင်ရန် ချီးမြှင့်ငွေများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ချီးမြှင့်သည်။ 

ထို့နောက် လှာကာကျေးရွာ   အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေမှုနှင့်  ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊  ကျောင်းဝတ်စုံ၊ ဘောပင်၊ ခဲတံများ  အခမဲ့ ထုတ်ပေးနေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ကျောင်းသုံးစာရေး ကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

MWD