ကျိုက်ထိုမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်‌လှစ်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု

News Image

  • ကျိုက်ထိုမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်‌လှစ်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု

ကျိုက်ထို ဇွန် ၁

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယနေ့တွင် စတင်ဖွင့်လှစ်ရာ တာဝန်ရှိသူများက ကျောင်းများဖွင့်လှစ်နေမှုများကို လိုက်လံကြည့်ရှု ခဲ့သည်။

 

ကျိုက်ထိုမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း နှစ်ကျောင်းရှိရာ မေ ၃၁ ရက်အထိ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူ ၃၀၅၇၂ ဦး ရှိသည်။

 

စီမံဆောင်ရွက်

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကျိုက်ထိုခရိုင်စီခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိစစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ ကျောင်းဝင်းအတွင်း၊ အပြင်လုံခြုံမှုရှိစေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)

MDN