မိတ္ထီလာမြို့၌ ကျောင်းသား ကျောင်းသူများ ကျောင်းစတင်တက်ရောက်
မိတ္ထီလာ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ကျောင်းစတက်ရောက်ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းသား ကျောင်းသူများ စတင်ကျောင်းတက်ရောက်မှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)
MDN
