ပြည်မြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

News Image

  • ပြည်မြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

ပြည် ဇွန် ၁

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ဇွန် ၁ ရက်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

 

ကြည့်ရှုအားပေး

ထိုသို့ ကျောင်းစတင်ဖွင့်လှစ်မှုကို ပြည်တက္ကသိုလ် ပါ‌မောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းဒေသကြီး ပညာရေးမှူး(ရုံးခွဲ) တိုင်းပညာရေးမှူး ဒေါက်တာ ချစ်ကိုကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြပြီး ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

ပြည်မြို့တွင် ကျောင်းအပ်နှံရေး ဆက်လက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် အခြေခံပညာကျောင်းပေါင်း ၂၃၄ ကျောင်း၌ ယနေ့အထိ ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၇၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)

MDN