ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မေ ၁၅ ရက်က တွေ့ဆုံခဲ့ရာတွင် “မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် ကမ္ဘာပေါ်တွင် ရှေးကာလကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး မျက်မှောက်ကာလ အကြီးစားစက်မှုနှင့် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်တိုင်အောင် MSME လုပ်ငန်းများသည် အားကောင်းမောင်းသန်ရှိနေဆဲဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံကဲ့သို့ နိုင်ငံများသည်ပင် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အရည်အသွေးမြင့်မားသော စက်မှုလက်မှုထုတ်ကုန်များကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ပဲခူးတိုင်းဒေသကြီးတို့၌ ချည်ထွက်သီးနှံဖြစ်သည့် ဝါသီးနှံကိုစိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးဝါစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ ဝါကုန်ကြမ်းများကိုအခြေခံပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဝါမှချည်နှင့် ချည်မှချည်ထည်များကို ထုတ်လုပ်နိုင်သကဲ့သို့ ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်မှ တိရစ္ဆာန်အစားအစာများကို ထုတ်လုပ်ပေးနိုင်သည်။
အလားတူ ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဈေးကွက်ရရှိရန်လိုအပ်ပြီး အရည်အသွေးမီသည့် ရောင်းကုန်ပစ္စည်းများ ထုတ်လုပ်ကြရန်လိုအပ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဈေးကွက်စီးပွားရေးအသိအမြင်များရှိရန် လိုအပ်သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် “ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်” ဆိုသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများနှင့်အတူ သမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သမဝါယမစနစ်သည် စုပေါင်းဆောင်ရွက်သည့် စနစ်ဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် အားနည်းသူများ စုပေါင်းဆောင်ရွက်နိုင်သည်။
မန္တလေးတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားလုံး အောင်မြင်ဖြစ်ထွန်းသည့် ထူးခြားသည့်တိုင်းဒေသကြီးဖြစ်သည်။ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ချောမွေ့မှန်ကန် လျင်မြန်စွာလုပ်ကိုင်နိုင်ရေး နိုင်ငံတော်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ မန္တလေးသံရည်ကျိုလုပ်ငန်းရှင်များစုဖွဲ့၍ ဆောက်လုပ်ရေးသုံးသံပန်းလုံးများကို ငလျင်ဒဏ်ခံနိုင်သော အရည်အသွေးစံချိန်စံညွှန်းများ ပြည့်မီအောင် ထုတ်လုပ်လျက်ရှိသည်။ စက်မှုဇုန်များအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိသည့်နည်းတူ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုနှင့် နည်းပညာရရှိရေး၊ မျိုးကောင်းမျိုးသန့်နှင့်မျိုးစေ့ရရှိရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
moi

အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မေ ၁၁ ရက်)
ချမ်းသာကြွယ်ဝမှုသည် နိုင်ငံနှင့်ပြည်သူတို့၏ လူနေမှုဘဝကိုမြင့်မားစေပြီး နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ထည်ထည်ဝါဝါဖြစ်စေသည်။ နိုင်ငံတိုင်းကမိမိနိုင်ငံကို စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြရာ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပြီး ပြည်ပရောင်းတမ်းဝင် ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာမိမိတို့နိုင်ငံသည်လည်း ဒေသတွင်းနိုင်ငံများကဲ့သို့ GDP မြင့်တက်လာမည်ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနိုင်ရန် အတွက် တစ်ဦးချင်း လူမှုစီးပွားဘဝများ တိုးတက်ရေး၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေးမြှင့်တင်ပေးရန် အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧပြီလ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အမှာစကားပြောကြားစဉ် “နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ ရရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကိုပိုမို တင်ပို့နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကိုမဖြစ်မနေ မြှင့်တင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက် သွားကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားပို့ကုန်မြှင့်တင်ရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အချက်မှာ ပြည်ပစျေးကွက်ဝင်ပို့ကုန် အမယ်စုံတို့ကို နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီစွာ ထုတ်လုပ်နိုင်ရန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံစသည်တို့ကို ပိုးသတ်ဆေးနှင့် ဓာတုဓာတ်ကြွင်းများ ကင်းစင်ရေး၊ စံချိန်စံညွှန်းမီသန့်စင်ထုပ်ပိုးရေး၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ရေးတို့ကို အစိုးရသက်ဆိုင်ရာ ဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက မဖြစ်မနေ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ဦးစားပေးရွေးချယ်ထားသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အားလုံးတွင် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းမှသာ ပို့ကုန်မြှင့်တင်ရေးကဏ္ဍများ အမှန်တကယ် ကုန်ထုတ်လုပ်နိုင်ကြမည်ဖြစ်သည်။
ကုန်ထုတ်လုပ်မှုမြင့်မားပြီးပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁) ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ (၂) ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄) ရော်ဘာလုပ်ငန်း၊ (၅) အထည်အလိပ်နှင့် အဝတ်အထည်၊ (၆) စားသောက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊(၇) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊(၈)သစ်တောထွက်ပစ္စည်း၊(၉)လျှပ်စစ်နှင့် အီလက်ထရွန်နစ် စက်ပစ္စည်း၊ (၁၀)ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ (၁၁) လက်မှုအနုပညာပစ္စည်း၊ (၁၂) ခရီးသွားလုပ်ငန်း၊ (၁၃) ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုတို့ကို ရွေးချယ်ခဲ့သည်။
အထောက်အကူပြုကဏ္ဍများအဖြစ် (၁)ဘဏ္ဍာရေး ဝန်ဆောင်မှုများရရှိနိုင်ရေး၊ (၂) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံခန့်ခွဲမှု၊ (၄) ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှု၊ (၅) တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦး တီထွင်ဆောင်ရွက်ခြင်းတို့ကို ရွေးချယ်ဆောင်ရွက်ခဲ့သည်။
ပို့ကုန်ပမာဏမြင့်မားလာသည်နှင့်အမျှ သွင်းကုန်တန်ဖိုးပမာဏများပြီး ပို့ကုန်တန်ဖိုး လျော့နည်းမှုကြောင့်ဖြစ်ပေါ်သည့် ကုန်သွယ်မှုလိုငွေကို လျော့ကျလာစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုပိုမို မြှင့်တင်၍ ပို့ကုန်ပမာဏကို ပိုမိုမြင့်မားစေပြီး ကုန်သွယ်မှုဘက်ညီလာသည်နှင့်အမျှ ကုန်သွယ်မှုလိုငွေလျော့ကျလာသလို ငွေကြေးဖောင်းပွမှုနှုန်းလည်း ကျဆင်းလာမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာခြင်း၊ စားသုံးနိုင်မှု ပမာဏများပြားလာခြင်း စသည့်စီးပွားဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်အမျိုးသား ပို့ကုန်မဟာဗျူဟာကို၂၀၁၃ ခုနှစ်တွင်စတင်ရေးဆွဲခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တက်ညီလက်ညီ အကောင်အထည်ဖော်ကြရန်ဖြစ်ပါကြောင်း။ ။
MWD

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးတို့အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စက်မှုအခြေခံနိုင်ငံမဟုတ်ဘဲ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ် အစဉ်အဆက်ရပ်တည်ခဲ့သောကြောင့် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ အစောပိုင်းခေတ်ကာလများကတည်းက အလွန်အားကောင်းခဲ့သည်။ ထိုခေတ်ကာလများက တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သောကြောင့် ပြည်တွင်းထုတ်ကုန်များကိုသာ မှီခိုအားထားခဲ့ရသဖြင့် MSME လုပ်ငန်းများ အားကောင်းခဲ့ခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည့်အချိန်မှစ၍ ပြည်တွင်း MSME လုပ်ငန်းများ မှေးမှိန်အားနည်းသွားခဲ့သည်။ အမှန်တကယ်တွင် ပြည်တွင်း MSME လုပ်ငန်းများကို ခေတ်နှင့်လျော်ညီစွာ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အရည်အသွေးအဆင့်အတန်းသာလွန်သည့် ပြည်ပထုတ်ကုန်များကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတကာတွင် SME လုပ်ငန်းများသည် ရှေးကာလများကတည်းက မျက်မှောက်ကာလထိတိုင် ခေတ်နှင့်ဆီလျော်အောင် မြှင့်တင်ဆောင်ရွက်နိုင်သောကြောင့် ယနေ့ထက်တိုင်အောင် SME လုပ်ငန်းများအားကောင်းနေဆဲဖြစ်သည်။ အချို့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် SME လုပ်ငန်းများကို အားထားနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေး အားကောင်းလာစေရေးအတွက် MSME လုပ်ငန်းများကို မဖြစ်မနေအားပေးမြှင့်တင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေကြသူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ MSME လုပ်ငန်းများကို အထူးအလေးထားအားပေးသွားရန်လိုပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကအလေးထားဆောင်ရွက်သွားကြရန်လိုသည်။ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစု၊ လူသားအရင်းအမြစ်များလိုအပ်သလို ခေတ်ကာလနှင့်အညီ ခေတ်မီတိုးတက်သည့် နည်းပညာအဆင့်အတန်းများကို လိုက်ပါဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် စက်မှုနှင့်နည်းပညာဆိုင်ရာများကို ပြည်ပမှ ရယူရင်းနှီးမြှုပ်နှံရမည်ဖြစ်သော်လည်း ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူဆောင်ရွက်ခြင်းထက် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို နိုင်ငံတော်ကထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့်ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ လိုအပ်သည့် လူသားအရင်းအမြစ်များရရှိရေးကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများအား မှတ်တမ်းတင်အသိအမှတ်ပြုပေးလျက်ရှိပြီး MSME ထုတ်ကုန်ပြပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျက်ရှိသည်။ သာဓကအားဖြင့် ပြည်တွင်း၌ ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ဝါကိုအခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် ပြည်ပသွင်းကုန်များကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးမြှင့်တင်ဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲအနေဖြင့် စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်ပေးမှုများကြောင့် MSME လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာအဆင့်အတန်းမီပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအပြင် အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလုပ်ငန်းများ၌ အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်း ထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသဖြင့် ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့် အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေးလုပ်ဆောင်နေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေးအတွက် နိုင်ငံသားအားလုံး ယခုထက်ပိုမို ကြိုးပမ်းလုပ်ဆောင်သွားရန် လိုအပ်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို မေ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပို့ကုန်များ တိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေးတို့နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။
သွင်းကုန်ကဏ္ဍတွင် စားသုံးဆီနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ပမာဏများစွာ တင်သွင်းနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံသည် ဆီထွက်သီးနှံများ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ယခုကဲ့သို့ စားသုံးဆီများကို ပြည်ပမှ တင်သွင်းနေရခြင်းသည် မဖြစ်သင့်မဖြစ်ထိုက်ပေ။ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံနှင့် ပတ်သက်၍ စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးက စနစ်တကျသုတေသနပြုဆောင်ရွက်ကြရန်လိုသည်။ ပို့ကုန်ကဏ္ဍတွင် ဆန်တင်ပို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေ၊ စားသုံးနိုင်မည့် ပမာဏနှင့် ဆန်ထွက်ရှိမှုတို့ကို တွက်ချက်၍ ပိုလျှံသည့်ဆန်တင်ပို့မှုပမာဏကို တွက်ချက်ပြီး ပိုလျှံသည့်ဆန်ရရှိမှုနှင့် ဈေးကွက်ရရှိမှုတို့အပေါ်မူတည်၍ ပို့ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်တင်ပို့ကြရမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ “ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်” ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင် နာမည်ရရှိပြီးဖြစ်ကာ ဈေးကွက်လိုအပ်ချက်ရှိသည့် ပို့ကုန်တစ်ခုဖြစ်သည့်အတွက် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းရမည်ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်း ဝယ်လိုအားရှိပြီးဖြစ်သည်။ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ထို့အပြင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး စသည့် ရာသီသီးနှံများသည် နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး စဉ်ဆက်မပြတ်သုတေသနပြုနေရမည်ဖြစ်သည်။ အဓိကအားဖြင့် တစ်ဧကအထွက်နှုန်းကောင်းရန်နှင့် အချက်အလက်များ မှန်ကန်မှုရှိရန်လိုအပ်သည်။ ဆန်တင်ပို့မှုများ တိုးတက်လာစေရေးအတွက် အရည်အသွေးကောင်းမွန်သည့်ဆန်များ စိုက်ပျိုးသွားရန်လိုသည်။ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေကြာ၊ ပဲပုပ်နှင့်နှမ်းစိုက်ပျိုးကြပြီး လက်ရှိစိုက်ပျိုးဧကအတိုင်း တစ်ဧကပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် စိုက်ပျိုးထုတ်ကုန်များကို ယခုထက်ပိုမိုကြိုးပမ်းထုတ်လုပ်ကြရန်လိုပြီး ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးအတွက် ထုတ်ကုန်တိုးမြှင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေးတို့နှင့် ပတ်သက်၍ စဉ်ဆက်မပြတ်သုတေသနပြုကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ကာ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းအားဖြင့် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်ကိုလည်း တိုးမြှင့် ရရှိစေနိုင်သည်။ ပြည်ပပို့ကုန်တင်ပို့မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်ပဝင်ငွေ ပိုမို ရရှိလာစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားကိုလည်း ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ကဏ္ဍမှာ အထူးအရေးပါသည်။ MSME လုပ်ငန်းများတွင် လိုအပ်သောကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူလုပ်ကိုင်ခြင်းထက် ဒေသတွင်းမှ ရရှိသောကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းများက ပိုမိုတိုးတက်လျက်ရှိသည်ဟု သိရသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး အဓိက လုပ်ကိုင်သည့် နိုင်ငံဖြစ်ရာ အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ မီးဖိုချောင်သုံးသီးနှံ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ စသည်တို့ကို အမျိုးအမည် အများအပြား စုံလင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည်။ စိုက်ပျိုးမှုမှ ထွက်ရှိလာသည့် သီးနှံထုတ်ကုန် အမယ်စုံ အများစုတို့ကို နောက်ထပ်တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်မှုမှာ နည်းပါးသည်။ သို့ဖြစ်ရာ မိမိနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်း အများအပြားတို့ကို ပြည်ပနိုင်ငံတို့မှ တင်သွင်း၍ စားသောက် သုံးစွဲနေကြရသည်။
ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာတွင် ကုန်ကြမ်း၊ ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ၊ လူသားအရင်းအမြစ်များ လိုအပ်ပြီး လုပ်ငန်းထူထောင်မှု လွယ်ကူလျင်မြန်ရန်နှင့် မလိုအပ်သော ကနဦး ကုန်ကျစရိတ်များ မရှိရန်လည်းလိုသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို ဖိဖိစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ရမည်လည်းဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရောက်လာသော အရည်အသွေးနိမ့်ပြီး ဈေးပေါသည့်ကုန်စည်များ ပြည်တွင်း စျေးကွက်သို့ ရောက်ရှိလာခြင်းက ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းငယ်အများအပြားကို စီးပွားပျက်စေကာ လုပ်ငန်းများရပ်ဆိုင်းသွားစေခဲ့ရာ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန် လိုသည်။
“ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် များစွာအရေးပါကြောင်း၊ အလားတူ သမဝါယမ စနစ်ဖြင့် ကုန်ထုတ်လုပ်မှုများကိုလည်း တိုးတက်အောင်ဆောင်ရွက်သွားရန် လိုကြောင်း၊ MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း ဆောင်ရွက် နိုင်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင် ရှိနေကြသော အမျိုးအစားတူ လုပ်ငန်းငယ်ကလေးများ သမဝါယမစနစ်ဖြင့် စိတ်တူကိုယ်တူ ပူးပေါင်းကြကာ ပိုမိုကြီးမားသည့် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြခြင်းက ဈေးကွက်တွင် အောင်မြင်မှုကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဝါး၊ ဝါ၊ ကော်ဖီ၊ ရော်ဘာစသည့် ကုန်ကြမ်းများ အများအပြားရရှိနိုင်ပြီး ၎င်းကုန်ကြမ်းများနှင့် ဆက်စပ်၍ ကုန်ထုတ်လုပ်ငန်းများ အများအပြား လုပ်ကိုင်နိုင်သည်။ ပြည်တွင်း၌ ဝါစိုက်ဧက အများအပြားရှိနေရာ ဝါကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန်၊ ရှိပြီးဖြစ်သော ဝါအခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်နှင့် ဈေးကွက်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မလာရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အလားတူ သယံဇာတအများအပြား ရှိပြီးဖြစ်သည့် ဝါး၊ ရော်ဘာတို့ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရေး၊ သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကောတို့အပါအဝင် ဥယျာဉ်ခြံမြေထွက် သီးနှံများကို အဆင့်မြင့် ကုန်ထုတ်သီးနှံများအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ရေးတို့ကို ဒေသအလိုက် ကြိုးပမ်းကြရန်လိုသည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြင့်မား အောင် မြှင့်တင်ရာတွင် အရေးကြီးသည့်အချက်မှာ အလုပ်လုပ်ကြရန် ပင်ဖြစ်သည်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုသည့်အတိုင်း စကားနောက်တရားပါ အမှန်တကယ်အားထုတ် လုပ်ကိုင်ကြခြင်းဖြင့် အောင်မြင်နိုင်ပါမည့်အကြောင်း။
MDN (မြန်မာ့အလင်း)

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များနှင့် လူသားအရင်းအမြစ် များကိုအသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးတိုးတက်မြင့်မားမှုအပေါ်တွင် မူတည်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် သဘာဝအခြေခံကောင်းများနှင့် ရေခံမြေခံကောင်းများ ပေါများကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံသည်အလုပ်လုပ်နိုင်သော လူဦးရေအများဆုံးနိုင်ငံများတွင်ပါဝင်သည်။ အလုပ်လုပ် နိုင်သူ လူဦးရေပေါများခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည်။ အသိပညာနှင့် အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။ ပညာရေးတွင် အနည်းဆုံးအဆင့် KG+9 ပြီးဆုံးသည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင်သူများဖြစ်လာစေမည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုး မွေးမြူရေး ကုတ်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်လျက်ရှိသည်။ အလုပ်သမားများ ဝင်ငွေတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းစေခြင်း၊ ကျွမ်းကျင်လုပ်သားများ ရရှိခြင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ထို့အပြင် လုပ်သား အခြေပြု ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးတို့ကို ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ တစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုး နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက် စေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ပြည်တွင်းအင်အားများကို အဓိကအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင်နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်များတွင်နေထိုင်ကြရာ ထိုအထဲတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုသည် မြင့်မားလျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုမှာ ပိုမိုများပြားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ဝင်ငွေများ တိုးတက်မြင့်မားလာပြီး လူမှုစီးပွား ဘဝများ တိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိစေရန်အတွက် အခြေခံပညာအလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူသားအရင်းအမြစ်ကောင်းများရရှိရေးကို အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ တိုးတက်ရရှိပြီး ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များလည်း တိုးမြှင့်ရရှိစေမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများလည်းပိုမိုရရှိကာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။
MDN
ကြေးမုံ

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့သည် နိုင်ငံအတွက် အစဉ်အမြဲလုပ်ဆောင် နေရမည့်ရည်မှန်းချက်များ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား အားပေးမြှင့်တင်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကာယအား၊ ဉာဏအားဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုသည့် နိုင်ငံတော်၏ အရေးပါသည့်အင်အားစုမှာ အလုပ်သမားများဖြစ်သည်။ နှစ်စဉ်မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ကာ ဂုဏ်ပြုလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလုပ်သမားများ၏ အရေးကိစ္စများကို အလေးထားဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်းများအားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာသည်နှင့်အမျှ ပြည်သူလူထု၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာသလို အလုပ်သမားများ၏ အရည်အသွေးများလည်း မြင့်မားလာရမည်ဖြစ်သည်။ သို့မှသာ ပေါ်ပေါက်လာသည့် အလုပ်အကိုင်နှင့်အညီ မိမိတို့၏အရည်အချင်းအလိုက် ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။ လုပ်ငန်းတိုင်းအတွက် လိုအပ်သည်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့မွေးထုတ်ပေးနိုင်ရေး အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေး ကူညီခြင်း၊ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ တန်ဖိုးမြင့်ကျွမ်းကျင် လုပ်သားများရရှိရန် ပညာရေးကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်း များစွာရှိပြီးဖြစ်သည်။ ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်စွာအသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေး ပြည်ပကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့်နိုင်ငံအဖြစ်မှ ပြည်ပသို့ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်မှုသည်အဓိကဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရည်မှန်းဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားများသည်လည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိနိုင်ငံမှ အခြားသောပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် ပြည်ပကရရှိသော အတွေ့အကြုံများကို မိမိနိုင်ငံ
အတွက် အသုံးပြုနိုင်ကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိတစ်ဦးတစ်ယောက်တည်း၏ အသက်မွေးဝမ်းကျောင်း ဆိုသည်ထက် နိုင်ငံတော်အတွက် မိမိတို့ပြန်လည်၍ မည်သို့အကျိုးပြုနိုင်သည် ဟူသောစိတ်ဖြင့် ရပ်တည်ကြရမည်ဖြစ်သည်။ အလုပ်သမားများ၏နေ့စဉ်ဘဝလှုပ်ရှားမှုတိုင်းတွင် နိုင်ငံတော်အတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်ပရောက်အလုပ်သမားများ၏ပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့်ပြည်ပမှ ရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ အသုံးချနိုင်ရန် ပြည်ပ နိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးနေခြင်းဖြစ်သည်။ ထို့ပြင် အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
အလုပ်ရှင်နှင့်အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရေးအတွက် လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက်သည့်အငြင်းပွားမှုများအား လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ အပြန်အလှန်နားလည်ခြင်း၊ ယုံကြည်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။
လူသားတို့သည် အသက်ရှင်သန်နေထိုင်စဉ်အတွင်း လူမှုစီးပွားဘဝရှင်သန်ရေးအတွက် အလုပ်လုပ်ကိုင်နေကြရမည်ဖြစ်သည်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့တစ်ဦးချင်း ဘဝတိုးတက်မြင့်မားရေး၊ မိသားစုဘဝ တိုးတက်မြင့်မားရေးမှသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ အလုပ်သမားဆိုသည်မှာ ကာယအား၊ ဉာဏအားကိုအသုံးပြု၍ အလုပ်လုပ်သူများဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည့်အတိုင်း နိုင်ငံတော်အတွက် အားထားရသည့် အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများဖြစ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။ ။
MWD
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မေ ၁ ရက်)

04/29/2026
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပြီး ပြည်ပရောင်းတန်းဝင် ကုန်ပစ္စည်းများထုတ်လုပ်၍ ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကုန်ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် GDP လွန်စွာနည်းပါးနေ သည်ကို တွေ့ရှိနိုင်သည်။
ပြီးခဲ့သည့် အစိုးရများအဆက်ဆက်တွင် ပို့ကုန်မြှင့်တင်ရေးမူဝါဒများချမှတ်၍ ဆောင်ရွက်ခဲ့ရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ် မှုနှင့် နည်းပညာမြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉)တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁) ဆန်စပါး၊ (၂) ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄) အထည်အလိပ်နှင့် အဝတ်အထည်၊ (၅) သစ်တောထွက်ပစ္စည်း၊ (၆) ရော်ဘာလုပ်ငန်း၊ (၇) ခရီးသွား လုပ်ငန်းတို့ကိုရွေးချယ်ခဲ့ပြီး အထောက်အကူပြုကဏ္ဍများအဖြစ် (၁) ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ (၂) ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံခန့်ခွဲမှု၊ (၄) ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ရွေးချယ်ခဲ့သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)တွင် ဦးစားပေးကဏ္ဍများအဖြစ် (၁)ဆန်နှင့် ဆန်ထွက် ပစ္စည်း၊ (၂)ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်လုပ်ငန်း၊ (၄)ရော်ဘာလုပ်ငန်း၊ (၅) အထည်အလိပ်နှင့် အဝတ်အထည်၊ (၆) စားသောက်ကုန်ပြုပြင် ထုတ်လုပ်ခြင်း၊ (၇) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ (၈) သစ်တောထွက်ပစ္စည်း၊ (၉) လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်း၊ (၁၀) ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ (၁၁) လက်မှုအနုပညာပစ္စည်း၊ (၁၂) ခရီးသွားလုပ်ငန်း၊ (၁၃) ဒီဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုတို့ကို ရွေးချယ်ခဲ့ပြီး အထောက်အကူပြုကဏ္ဍများအဖြစ် (၁) ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေး၊ (၂) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု၊ (၃) အရည်အသွေးစီမံ ခန့်ခွဲမှု၊ (၄) ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှု၊ (၅) တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းတို့ကို ရွေးချယ်ဆောင်ရွက်ခဲ့သည်။
အမျိုးသားပို့ကုန်မြှင့်တင်ရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အချက်မှာ ပြည်ပစျေးကွက်ဝင် ပို့ကုန်အမယ်စုံတို့ကို နိုင်ငံတကာအဆင့်အတန်းနှင့်ကိုက်ညီစွာ ထုတ်လုပ် နိုင်ရန်ပင် ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စသည်တို့ကို ပိုးသတ်ဆေးနှင့် ဓာတုဓာတ်ကြွင်းများကင်းစင်ရေး၊ စံချိန်စံညွှန်းမီ သန့်စင်ထုပ်ပိုးရေး၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ရေးတို့ကို အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များ ကူညီပံ့ပိုးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ ဦးစားပေးရွေးချယ်ထားသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍအားလုံးတွင် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှသာ ပို့ကုန်မြှင့်တင်ရေးကဏ္ဍများ အမှန်တကယ်ကုန်ထုတ်လုပ် နိုင်ကြမည်ဖြစ်သည်။
“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများရှိရမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိစေနိုင်ကြောင်း၊ ထုတ်ကုန်များကို ပိုမိုတင်ပို့ နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း” ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပို့ကုန်ပမာဏမြင့်မားလာသည်နှင့်အမျှ သွင်းကုန်တန်ဖိုးပမာဏများပြီး ပို့ကုန်တန်ဖိုးလျော့နည်းမှုကြောင့် ဖြစ်ပေါ်သည့် ကုန်သွယ်မှုလိုငွေကို လျော့ကျလာစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုပိုမိုမြှင့်တင်၍ ပို့ကုန်ပမာဏကို ပိုမိုမြင့်မားစေပြီး ကုန်သွယ်မှုဘက်ညီလာသည်နှင့်အမျှ ကုန်သွယ်မှုလိုငွေ လျော့ကျလာသလို ငွေကြေးဖောင်းပွမှုနှုန်းလည်း ကျဆင်းလာမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်လာခြင်း၊ စားသုံးနိုင်မှု ပမာဏများပြားလာခြင်း စသည့်စီးပွားဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးတို့အတွက် မိမိတို့အမျိုးသားတစ်ရပ်လုံး ဝိုင်းဝန်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
(မြန်မာ့အလင်း)

နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စက်မှုလုပ်ငန်းများ၊ MSME များ ထူထောင်ရေး၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန်လိုသည်။ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အခြားပြန်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံတွင် လိုအပ်နေသေးသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးကိုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များဖြင့် လုပ်ဆောင်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားပြီး နိုင်ငံတော်တော်များများတွင် ဆိုလာစနစ်အောင်မြင်နေပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် များစွာအားနည်းနေသေးကြောင်း၊ မိမိတို့နိုင်ငံ အလယ်ပိုင်းတွင် နေရောင်ခြည်ကို တစ်နှစ်မှာ ရက် ၃၀၀ ခန့် ပြည့်ပြည့်ဝဝရရှိကြောင်း၊ မိုးများသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာပင်လျှင် ရက် ၂၅၀ ခန့် နေရောင်ခြည်ရနိုင်ကြောင်း၊ ထို့ကြောင့် အိမ်သုံးကအစ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်းစသည်တို့တွင် ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲနိုင်ကြမည်ဆိုပါက ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မီးစက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မဂ္ဂါဝပ် ၂၀၀၀ ထုတ်လုပ်နိုင်သည့် ဆိုလာဓာတ်အားပေးစနစ်ကို အစားထိုးအသုံးပြုခြင်းဖြင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည်နှင့် ဒီဇယ်ဆီတင်သွင်းမှုအတွက် ကုန်ကျသည့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် သက်သာစေကြောင်း တွေ့ရှိရသည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ လက်ရှိမိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၈ ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိသည်။ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ၄ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ခု၊ ရှမ်းပြည်နယ်တွင် ၁ ခု စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိသည်။ ဆောင်ရွက်ဆဲ Hybrid (Gas Engine+ Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁ ခုနှင့် မကွေးတိုင်းဒေသကြီးတွင် ၁ ခု စုစုပေါင်း တပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ် ရှိသည်။ သို့ဖြစ်ရာ တည်ဆောက်ဆဲဆိုလာနှင့် Hybrid စီမံကိန်းများ၏ စုစုပေါင်းတပ်ဆင်အင်အား ၁၀၂၆ မဂ္ဂါဝပ်ရှိသည်။
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲအတွင်း နေရောင်ခြည်စွမ်းအင်အလားအလာ အများဆုံးတိုင်းပြည်ဖြစ်သော်လည်း နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ လွန်စွာနည်းပါးနေသေးသည်။ မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား တစ်နှစ်လျှင် ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/year) ထုတ်လုပ်နိုင်သည်ဟု ပြည်ပကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနေကြသည်။ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများ စသည်တို့တွင် နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနေကြသကဲ့သို့ လူနေအိမ်များတွင်လည်း တစ်ပိုင်တစ်နိုင် အိမ်သုံးအဖြစ် တပ်ဆင်အသုံးပြုနေကြပြီး ပိုလျှံသည့်ဓာတ်အားကိုပင် ပြန်လည်ရောင်းချနိုင်ကြသည်ဟူ၍ သိရသည်။
တစ်ပိုင်တစ်နိုင် အိမ်သုံးဆိုလာဓာတ်အားပေးစနစ်ကို တပ်ဆင်ရာတွင် ကနဦးကုန်ကျစရိတ်မြင့်မားခြင်းက အဓိကအတားအဆီးတစ်ရပ်ဖြစ်သည်။ အကျိုးအမြတ်အနေဖြင့် ကြည့်မည်ဆိုပါက ရေရှည်တွင် ဓာတ်အားအတွက် ကုန်ကျစရိတ်မှာ များစွာလျော့နည်း သက်သာစေသည့်အတွက် တွက်ခြေကိုက်သည်။ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်အသုံးပြုမှုအတွက် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရင်းနှီးမြှုပ်နှံသင့်သည်။ အိမ်သုံးအတွက်မူ ငွေကြေးအခက်အခဲရှိသူများအတွက် အရစ်ကျစနစ်၊ အတိုးနှုန်းသက်သာသော ချေးငွေစနစ်များဖြင့် ဆိုလာဓာတ်အား သုံးစွဲမှုကို မြှင့်တင်နိုင်သည်။ နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးအတွက် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ကြရပါမည့်အကြောင်း။ ။

ကမ္ဘာပေါ်တွင် အဝတ်အထည်လုပ်ငန်းများအတွက် ဝါဂွမ်းသည် အဓိကကုန်ကြမ်းဖြစ်သော်လည်း နိုင်လွန်၊ ရေယွန်၊ ပိုလီယက်စတာစသော ချည်မျှင်တုများကို ပေါပေါများများ ထုတ်လုပ်သုံးစွဲလာနိုင်သည့်အခါတွင် ဝါဂွမ်းသုံးစွဲမှုလျော့ကျလာသည်။ ဝါဂွမ်းကုန်ကြမ်းသုံးစွဲမှုသည် ဒေသအလိုက်၊ အချိန်အခါအခြေအနေအလိုက် အတက်အကျရှိနေပြီး ချည်မျှင်တုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဖွံ့ဖြိုးပြီး ဝင်ငွေမြင့်မားသည့်နိုင်ငံများတွင် သဘာဝချည်မျှင်ဖြစ်သည့်ဝါကို ပိုမိုသုံးစွဲလာကြကြောင်း ဝါပညာရှင်တစ်ဦးက ဆိုသည်။
မိမိတို့နိုင်ငံတွင် ဝါကို ဧကငါးသိန်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှု ဖူလုံအောင်ထုတ်လုပ်နိုင်စွမ်းရှိသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်စွမ်းရှိသော်လည်း လက်ရှိအခြေအနေတွင် ပြည်ပမှချည်ထည်များ တင်သွင်းနေရသည်။ ထို့အပြင် စိုက်ပျိုးထွက်ရှိလာသည့် ဝါကို ဝါဂွမ်းအဖြစ် စနစ်တကျမထုတ်လုပ်နိုင်သေးခြင်း၊ ဝါကုန်ကြမ်းမှ ချည်ချောထုတ်လုပ်သည့်စက်၊ ဝါဗိုင်းငင်သည့်စက်၊ ဝါကြိတ်စက်၊ ဝါစေ့ဆီကြိတ်စက် စသည့်စက်များ အဆင့်မီတည်ထောင်ရန်လိုအပ်ခြင်း စသည့်အချက်များကြောင့် ဝါစိုက်ပျိုးရေးလုပ်ငန်းမှာလည်း အဓိကအားဖြင့် ကုန်ကြမ်းထုတ်လုပ်သည့် အဆင့်တွင်သာ ရောက်ရှိနေရသည်။
ကမ္ဘာ့နိုင်ငံအများအပြားတို့၌ ဝါကိုစိုက်ပျိုးကြရာတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယနိုင်ငံကြီးများနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ ဗဟိုအာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများ စသည်တို့ပါဝင်ပြီး အထွက်နှုန်းများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံးပျမ်းမျှပိဿာ ၃၀၀ ကျော်မှသည် အများဆုံးပျမ်းမျှပိဿာ ၁၃၀၀ ကျော်အထိ ထွက်ရှိကြသည်ဟုသိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိဝါစိုက်ဧက ငါးသိန်းကျော်ရှိနေသည်ဟုဆိုရာ တစ်ဧကလျှင် ပျမ်းမျှပိဿာ ၇၀၀ ထွက်ရှိမည်ဆိုပါက လူဦးရေ သန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးတွင် အခြေခံလိုအပ်ချက် (၄) ရပ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်အညီ ဝါမျိုးကောင်းမျိုးသန့်ရရှိအောင် ဆောင်ရွက်ခြင်း၊ မြေကို စနစ်တကျပြုပြင်ခြင်းနှင့် အချိန်အခါ ကိုက်ညီမှန်ကန်စွာ မြေသြဇာများထည့်သွင်းခြင်း၊ စိုက်ပျိုးရေကို လိုအပ်ချိန်နှင့်အညီ အောင်ရေရရှိရန် ဆောင်ရွက်ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာကျင့်သုံးခြင်းအားဖြင့် မျှော်မှန်းသည့် ဝါပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းဟာ အသေချာဆုံးနဲ့ အထိရောက်ဆုံးသော လုပ်ငန်းဖြစ်ပါတယ်။ လူတို့အတွက် အဓိကလိုအပ်တဲ့ အဝတ်အစားကို ပြည်တွင်း ဝါထုတ်လုပ်မှုက လုံလောက်မှုများစွာပေးနိုင်တဲ့ အခြေအနေရှိပေမယ့် ချည်၊ ချည်ထည်ထုတ်လုပ်ဖို့ လိုအပ်ချက်ရှိနေတာကြောင့် လက်တွေ့မှာ ချည်အမျိုးမျိုးကို ပြည်ပက တင်သွင်းနေရတာကလည်း မဖြစ်သင့်ပါဘူး။ ဝါစိုက်ဧက ၅၂၄၀၀၀ ခန့်ရှိတာမို့ မျိုးကောင်းတဲ့ချည်မျှင်ရှည်ဝါကို ထိထိ ရောက်ရောက်စိုက်ပျိုးပြီး ဝါကိုအခြေခံတဲ့ ဝါဂွမ်း၊ ချည်၊ ချည်ထည်လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မယ်ဆိုရင် အကျိုးများစွာရှိမယ်ဆိုတာ ထောက်ပြမှာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါကို တိုးချဲ့စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေး၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးရေး၊ ထိုမှထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရေးတို့အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွားရေးစသည်တို့ကို နိုင်ငံတော်အကြီးအကဲက ယခင်ကလည်း အမှာအကြားရှိခဲ့သည်။
ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းနှင့်ဆက်စပ်၍ ဝါကြိတ်စက်၊ ဝါစေ့ဆီစက်၊ တိရစ္ဆာန်အစာစက်၊ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ စသည်တို့ ဖွံ့ဖြိုးလာမည်ဆိုပါက ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ချည်ထည်များကို ခေတ်မီတန်ဖိုးမြှင့် ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များကိုပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကြိုးပမ်းကြရန်လိုသည်။ ကမ္ဘာတွင် ချည်မျှင်တုများက တွင်ကျယ်နေသည့်တိုင် သဘာဝဝါဂွမ်းချည်မျှင်မှာလည်း တန်ဖိုးတစ်ခုဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အလျောက် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးနှင့် ပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အဆင့်မြင့်ဝါ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ချည်မျှင်၊ အထည်အလိပ်ထုတ်လုပ်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။