Skip to main content
presoffministry
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအတွက် နမူနာမေးခွန်းပုံစံ

dpWEB1234 Sun, 01/18/2026 - 21:04


 

၁

၂

၃

၄

၅

၆

၇

၈

၉

၁၀
 

Subject-Image

  • ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအတွက် နမူနာမေးခွန်းပုံစံ

Posted-Date

Sun, 01/18/2026 - 12:00
MM-Subject-Category
လူမှုရေးကဏ္ဍ
လူမှုရေးကဏ္ဍ-ပညာရေး

ဆက်စပ်ကဏ္ဍများ

ပြည်သူများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကို ထိန်းသိမ်း
ပြည်သူများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကို ထိန်းသိမ်း
ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအချိန်သည် ဒီဇင်ဘာလမှ ဧပြီလကုန်အထိဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလနှင့် မတ်လတွင် အပူရှိန်များတက်လာပြီး လေငြိမ်သည့်ကာလဖြစ်၍ တောမီးရှို့မှုများကြောင့် လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဟု ပြောနိုင်သည်။ မိုးဦးကာလ မေလနှင့် ဇွန်လအတွင်း မုတ်သုံမိုးစတင်ရွာသွန်းသည်နှင့် လေထုအတွင်းရှိ အမှုန်အမွှားများသည် မိုးရေနှင့်အတူ မြေပြင်သို့ဆင်းသက်သွားကာ လေထုညစ်ညမ်းမှု အလိုအလျောက်သန့်စင်သွားမည်ဖြစ်သည်။ လက်ရှိကာလတွင် လေထုညစ်ညမ်းမှုအမြင့်မားဆုံးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။လေထုညစ်ညမ်းမှုကို အုံ့မှိုင်းနေသောအသွင်သဏ္ဌာန်ဖြင့် တွေ့မြင်နိုင်သော်လည်း ညစ်ညမ်းနေသောအမှုန်အမွှားများကို မျက်စိဖြင့် မြင်နိုင်စွမ်းမရှိပေ။ အဆိုပါလေကို ကြာရှည်ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အမှုန်အမွှားများ ခန္ဓာကိုယ်အတွင်း အများဆုံးဝင်ရောက်ပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှုကို ကြာရှည်ထိတွေ့မိလျှင် မျက်စိနီခြင်း၊ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည့်ရောဂါများဖြစ်နိုင်သည်။ ပန်းနာရင်ကျပ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည်။အများအားဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်၊ နှလုံး၊ ဆီးချိုကဲ့သို့ နာတာရှည်ရောဂါရှိသူများ၊ အာဟာရချို့တဲ့သူများ၊ လူဦးရေထူထပ်၍ လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်ကြသောသူများ၊ လူနေမှုနိမ့်ကျသည့်နေရာများတွင် ဆိုးကျိုးသက်ရောက်မှုများသည်။ ကလေးသူငယ်များသည် လူကြီးများထက် ကိုယ်ခံအားနည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသာမက ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်စေရန် သတိပြုဖို့လိုသည်။ လေထုညစ်ညမ်းမှုသည် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကို ထိခိုက်နိုင်သဖြင့် ကိုယ်ဝန်ပျက်ခြင်း၊ အချိန်မတိုင်မီမွေးဖွားခြင်း၊ ပေါင်မပြည့် လမစေ့ဘဲမွေးဖွားခြင်း စသည့်အန္တရာယ်များကို သတိပြုဖို့လိုသည်။ညစ်ညမ်းသောလေထုတွင် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်စသည့် အန္တရာယ်ရှိသော အမှုန်အမွှားများပါဝင်သည်။ လေထုညစ်ညမ်းမှုကို တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်းနှင့် ဖန်လုံအိမ်အကျိုး သက်ရောက်မှု စသည့်သဘာဝအန္တရာယ်ကြောင့်ဖြစ်နိုင်သည်။ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ ထင်းမီးသွေး၊ ဆေးလိပ်၊ အမှိုက်မီးရှို့ရာမှထွက်ရှိသော မီးခိုးများ၊ အိမ်သုံးဓာတုပစ္စည်းများ၊ အအေးပေးစက်မှ ဓာတ်ငွေ့များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အော်ဂင်းနစ်ဒြပ်ပေါင်းများ စသည်တို့မှထွက်ရှိသော မီးခိုးငွေ့၊ ဓာတ်ငွေ့များဖြစ်သည့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသောအခိုးအငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။သဘာဝဘေးအန္တရာယ်များနှင့် လူတို့ကြောင့် လေထုညစ်ညမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် မြင့်မားနေဦးမည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်သော လေထုညစ်ညမ်းမှုကို ဝိုင်းဝန်းကာကွယ် တားဆီးကြရမည်ဖြစ်သည်။ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို စီမံကိန်း၊ စီမံချက်များချမှတ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့အနေဖြင့် အကျိုးစီးပွားအတွက် ဆင်ခြင်တုံတရားများကို မေ့လျော့နေတတ်ကြရာ ဘေးအန္တရာယ်ဖြစ်နိုင်သည့်ကိစ္စများကို ဖြစ်နိုင်သရွေ့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အခိုးအငွေ့ထွက်သောအရာများကို ထိန်းညှိရန်နှင့် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးသည့် သစ်တောသစ်ပင်များကို ထူထောင်ကြရန်လိုသည်။သို့ဖြစ်ရာ လေထုညစ်ညမ်းနေသောကာလတွင် ပြည်သူလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပါသည်။ ရေရှည်ကာလအတွက် အန္တရာယ်ရှိသော ကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူပေးသည့် ပိတောက်၊ ကုက္ကိုကဲ့သို့ သစ်ပင်များကို အရေအတွက်ပြည့်မီအောင်၊ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပေး၍ Green zone အစိမ်းရောင်နယ်မြေများ ထူထောင်ပြီး ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း။ ။moi
Thu, 02/26/2026 - 12:00
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် ပန်းနာရင်ကျပ် (Asthma) ကို ပိုမိုဆိုးရွား လာစေနိုင်ပြီး အဆုတ်ရောင်ရောဂါ (Pneumonia)ကိုလည်း ဖြစ်နိုင်ခြေများစေနိုင်သည်။ နာတာရှည်အဆုတ်ရောဂါ (COPD)ကို ဖြစ်စေနိုင်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သည့် သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပြီး အခြားကင်ဆာရောဂါတို့လည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများစေသည်။ သက်ကြီးရွယ်အိုများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ ပိုမိုဆိုးလာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေများစေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်နိုင်ခြေများစေသည်။ လေထုညစ်ညမ်းမှုကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု ပညာရှင်တို့ကဆိုသည်။ရုပ်ခန္ဓာရှင်သန်နေစေရေးအတွက် လေ၊ ရေနှင့် အစာအာဟာရတို့ဖြင့် ထောက်ပင့်ပေးထားရခြင်းဖြစ်ရာ လူတစ်ဦးသည် နေ့စဉ်လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နှင့် အစားအစာ ၁ ဒသမ ၅ ကီလိုဂရမ်ကို မှီဝဲနေကြရသည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် မိမိတို့ ရှူသွင်း၊ စားသောက်သုံးဆောင်လိုက်သည့် လေ၊ ရေ၊ အစား အစာတို့ သန့်ရှင်းနေစေဖို့လိုသည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အိမ်တွင်းလေထုကို ထိန်းသိမ်းရန်အတွက် ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားခြင်း၊ အပြင်သို့ ထွက်ရပါကလည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည့် အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ( ဥပမာ- N95 Mask) တပ်ဆင်ခြင်း၊ အိမ်တွင်း၌အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထင်း/မီးသွေးတို့ဖြင့် ချက်ပြုတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အိမ်တွင်း၌ ဖုန်မထစေရန် စိုစွတ်သည့်အဝတ်၊ ကြမ်းတိုက်တံတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ရေများများသောက်ခြင်း၊ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်တွင် ကာယလှုပ်ရှားမှုများကို ပြင်းထန်စွာ သို့မဟုတ် ကြာရှည်စွာ ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသော ကျန်းမာရေးထိခိုက်မှုမှာ ညစ်ညမ်းမှုအမျိုးအစားနှင့် ပမာဏ၊ လူတစ်ဦးချင်းစီ၏ ထိတွေ့မှုကာလတို့ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ တစ်နှစ်အောက်ကလေးများ၊ ငယ်ရွယ်သည့်ကလေးများသည် ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို ပိုမိုခံရခြင်းကြောင့် မိသားစုအတွင်း ဂရုစိုက်ကြရန်လိုသည်။ လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့ရာတွင် လတ်တလောတုံ့ပြန်မှုအဖြစ် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ခြင်းတို့ဖြစ်တတ်ရာ ဆိုးရွားသည့် သက်ရောက်မှုကိုခံစားရပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် သတိပြုထားဖို့လည်း လိုအပ်သည်။လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်နိုင်သကဲ့သို့ မိမိတို့ပြည်တွင်းရှိ အန္တရာယ်ရှိအရင်း အမြစ်များမှလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်းလေထု ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ အမှိုက်မီးရှို့ခြင်း၊ တောမီးနှင့် လယ်ယာမြေပြုပြင်ရန် မီးရှို့မှုတို့ကိုရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင် မော်တော်ယာဉ်သုံးစွဲမှုကိုလျှော့ချပြီး အများသုံးယာဉ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံးလျှော့ချခြင်း အားဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များမှ ရှောင်ကြဉ်နိုင်ကြပါမည့်အကြောင်း။ ။moi
Tue, 02/24/2026 - 12:00
Vape နှင့် လမ်းခွဲ
Vape နှင့် လမ်းခွဲ
Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတိပေးချက်တစ်ရပ်အရ ကမ္ဘာတစ်ဝန်းလုံးတွင် အီး-စီးကရက် သုံးစွဲသူ စုစုပေါင်း သန်း ၁၀၀ ကျော်ခန့်ရှိနေပြီး ယင်းတို့ထဲတွင် ကလေးငယ် လူဦးရေ ၁၅ သန်းထက်မနည်း ပါဝင်လျက်ရှိရာ နီကိုတင်းစွဲလမ်းမှု လှိုင်းသစ်တစ်ခုဖြစ်ပေါ်လာစေရန် လောင်စာထည့်ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာတစ်ဝန်း လေ့လာချက်များအရ ကလေးများသည် အရွယ်ရောက်ပြီးသူများထက် Vape သောက်သုံးနိုင်ခြေပျမ်းမျှအားဖြင့် ကိုးဆပို၍များသည်ဟု သိရသည်။ Vape ခေါ် အီး-စီးကရက်သည် နီကိုတင်းကို ရှူရှိုက်နိုင်ရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးခြင်းပင်ဖြစ်ရာ ကလေးများ Vape သုံးစွဲခြင်းဖြင့် ငယ်စဉ်ကတည်းကပင် နီကိုတင်းစွဲလမ်းမှုဖြစ်စေပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေနိုင်သည်။နိုင်ငံအများအပြားတွင် အီး-စီးကရက်နှင့် Vaping ထုတ်ကုန်များ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားပြီး ဒဏ်ငွေများစွာရိုက်ခြင်း၊ ထောင်ချခြင်းတို့အပါအဝင် တင်းကျပ်သည့် ပြစ်ဒဏ်များကို ချမှတ်လျက်ရှိသည်။ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် နိုင်ငံများမှာ အာရှတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်းတွင် ကာတာ၊ အိုမန်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ဘရာဇီး၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပနားမား၊ နီကာရာဂွါ၊ ဆူရီနမ်၊ ဗင်နီဇွဲလား၊ အာဖရိကတွင် အီသီယိုး ပီးယား၊ ဂမ်ဘီယာ၊ မောရစ်သျှ၊ ယူဂန္ဓာ၊ အခြားဒေသများအဖြစ် သြစတြေးလျ၊ နော်ဝေ၊ တူကီယဲနိုင်ငံတို့ပါဝင်သည်။လက်ရှိအခြေအနေတွင် အီး-စီးကရက် သုံးစွဲခြင်းသည် ဆေးလိပ်သောက်ခြင်းကို အစားထိုးခြင်း မဟုတ်တော့ဘဲ နီကိုတင်းရောစပ်ထားသည့် အခြားဓာတုပစ္စည်းများကို စွဲလမ်းလာခြင်း ဖြစ်လာသည်။ အီး-စီးကရက်တွင် ထည့်သွင်းအသုံးပြုသည့် အငွေ့ပျံနိုင်သည့် အရည် (aerosal) ကို အဆိပ်သင့်စေသည့် ဓာတုပစ္စည်းများ (Toxic Chemicals) နှင့် ပေါင်းစပ်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ရန် အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ရာ မိန်းကလေးများနှင့် အရွယ်မရောက် သေးသူ ကလေးများပါ စိတ်ဝင်စားဖွယ်ရာ၊ အကြိုက်တွေ့ဖွယ်ရာများ ဖြစ်နေသည်။ အီး-စီးကရက် ကိရိယာလေးများမှာလည်း လှပဆန်းသစ်သည့် ပုံစံများ၊ အရောင်အသွေးများဖြင့် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ရာ Vape သုံးစွဲမှ ခေတ်မီသည်ဟူသော အထင်ကိုပါ ရောက်စေသည်။ မိမိတို့နိုင်ငံတွင် Vape သုံးစွဲမှု၊ တင်သွင်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များ တိကျစွာ မတွေ့ရှိရသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ၊ နယ်မြို့များ၌ပါ ဝယ်ယူရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၈/ ၂၀၂၆ ကို ထုတ်ပြန်၍ အီး-စီးကရက်၊ အီး-စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated smoking Device)၊ ယင်းကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်နစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရွန်နစ်ရှိရှား (Electronic Shisha)၊ ယင်းအီလက်ထရွန်နစ်ရှိရှားကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ၎င်းကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းတို့မပြုရန် တားမြစ်လိုက်ပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ကျူးလွန်မိကြပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံကြရမည်ဖြစ်ရာ လက်ရှိရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲနေကြသူများ အမှတ်တမဲ့မကျူးလွန်မိကြစေရေး သတိထားလိုက်နာကြရန်နှင့် မိမိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် Vape နှင့် လမ်းခွဲကြရန် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။moi
Mon, 02/23/2026 - 12:00
ဗြဟ္မဝိဟာရတရားလက်ကိုင်ထား သာသနာတော်သန့်ရှင်းပြန့်ပွား
ဗြဟ္မဝိဟာရတရားလက်ကိုင်ထား သာသနာတော်သန့်ရှင်းပြန့်ပွား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ စတင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးအဖွင့် သာရဏီယ ဩဝါဒကထာမြွက်ကြားရာ၌ သာသနာတော်တစ်ရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စများကိုဆောင်ရွက်ရာတွင် ဘုရားရှင်မြင်တော်မူသော သတ္တဝါတို့ကို ကြာမျိုးသုံးပါးဖြင့် သုံးမျိုးသုံးစား ဥပမာပေး၍ ခွဲခြားဟောကြားတော်မူ ခဲ့သည်။မြတ်စွာဘုရားရှင်မြင်တော်မူသော ဥပမာသုံးမျိုးကဲ့သို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အနေဖြင့် သာသနာရေးကိစ္စများကို ဆောင်ရွက်ကြရာတွင် ပထမကြာဥပမာနှင့်တူသော ရှင်းလင်းညွှန်ကြား ဆုံးမဩဝါဒပေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်၍မရသောပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ ဒုတိယကြာ ဥပမာနှင့်တူသော အထိုက်အလျောက် ဆုံးမပြုပြင်၍ရသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ တတိယကြာ ဥပမာနှင့်တူသော အရိပ်ပြအကောင်ထင်ဆိုသကဲ့သို့ ဆိုဆုံးမရလွယ်ကူသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်။ မည်သို့သောပုဂ္ဂိုလ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားလေးပါးကို လက်ကိုင်ထား၍ ဆောင်ရွက်ကြရန် လွန်စွာအရေးကြီးလှကြောင်း သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက မြွက်ကြားတော်မူခဲ့ပါသည်။မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးသည့်အချိန်မှစ၍ ရှေးမြန်မာမင်းအဆက်ဆက်မှ ယနေ့ထက်တိုင်အောင် မြတ်စွာဘုရားရှင် အဆုံးအမတရားတော်များနှင့်အညီ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သောနိုင်ငံဖြစ်သည်။ မျက်မှောက်ခေတ်ကာလတွင် အချို့သံဃာတော်များအနေဖြင့် ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးခြင်းမရှိသော အခြေအနေများ၊ ပိဋကတ်တော်နှင့်မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများအပြင် ခေတ်ကာလအရ လူမှုကွန်ရက်များတွင် သမဏသာရုပ္ပမဖြစ်သည့် အပြောအဆို အနေအထိုင် ပြုမူလုပ်ကိုင်မှုများ တွေ့မြင်နေရသည်။ ထိုသို့သောဆောင်ရွက်မှုများကို ကြီးကြပ် ထိန်းသိမ်းတားဆီးကာကွယ်ကြမှသာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွား နေမည်ဖြစ်ပါသည်။သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်(၇)ချက်တွင် (က) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန်ဖြစ်သည်။ (ခ) သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင် နိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန်ဖြစ်သည်။ (ဂ) ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်(ဂ)ကို ပြဋ္ဌာန်းခဲ့ကြသော အာစရိယာစရိယ ရှေးဆရာတော်ကြီးတို့၏ ဉာဏ်ပညာအမြော်အမြင်နှင့် ငဲ့ညှာစောင့်ရှောက်သော ကရုဏာစွမ်းအားတို့ကို မျက်မှောက်ကာလတွင် သိသာစွာခံစားနေရဆဲဖြစ်သည်။မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို ကိုယ်စိတ်မညှိုးနွမ်းဘဲ ချမ်းချမ်းသာသာဖြင့် ထွန်းလင်းနေစေရန်အတွက် နှိပ်ကွပ်ဆုံးမထိုက်သူတို့ကို နှိပ်ကွပ်ဆုံးမခြင်း၊ ချီးမြှောက်ထိုက် ချီးမြှောက်သင့်သူတို့အား ချီးမြှောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ရှေးရှေးဆရာတော်ကြီးများက မိန့်ကြားထားသည်များရှိသည်။ ဆရာရှင် သံဃာတော်တို့၏ စိတ်သန္တာန်၌ ဗြဟ္မဝိဟာရတရားများဖြင့် ထိန်းကွပ်ထားခြင်းမရှိဘဲ ဆောင်ရွက်ပါလျှင် လောဘ၊ ဒေါသ၊ ပဋိဃတရားတို့ တိုးပွားလာနိုင်သည်။ နှိပ်ကွပ်ဆုံးမသင့်သူတို့ကို ကရုဏာ၊ မေတ္တာတရားလက်ကိုင်ထား၍ နှိပ်ကွပ်ဆုံးမရန်ဖြစ်ပြီး ချီးမြှင့်သင့်သူတို့ကို မုဒိတာ၊ မေတ္တာတရားများ လက်ကိုင်ထားပြီး ချီးမြှောက်သင့်ကြောင်း၊ အချို့ကိစ္စများတွင် ပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှု၊ မြှောက်ပင့်ချီးမွမ်းမှုတို့နှင့် ကြုံလာလျှင်လည်း ဥပေက္ခာတရားလက်ကိုင်ထား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဥက္ကဋ္ဌဆရာတော်ကြီးက လျှောက်ထားခဲ့သည်။သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် သံဃာ့အခြေခံစည်းမျဉ်းရည်ရွယ်ချက်ပါအတိုင်း သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားတိုးတက် အောင် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ နောင်အနာဂတ် သာသနာတော်အတွက်လည်း ဘုရားရှင်ဆင်ခြင်တော်မူခဲ့သည့် ကြာမျိုးဥပမာ သုံးပါးနှင့်တူကြသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကြုံလာရလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားလေးပါးလက်ကိုင်ထားပြီး အကြိမ်ကြိမ်အထပ်ထပ် တံတိုင်းခတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။moi
Fri, 02/20/2026 - 12:00
နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်
နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်
(၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ တို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၄၇ ခု၊ ကြေးတံဆိပ် ၇၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၀ ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့အတွက် နိုင်ငံတော်က စုစုပေါင်းသိန်းပေါင်း ငွေကျပ် ၃၆၆၉၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။နိုင်ငံတော်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြသူများအား တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိသူအား ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူအား ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိသူအား ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးအား ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိကြသည့် အသင်းသားတစ်ဦးအား ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးအား ကျပ် ၃၅ သိန်း၊ အားကစားနည်း အလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများကို ရွှေတံဆိပ်အတွက် နည်းပြတစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း ၃၀ စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များအားလည်း ရွှေတံဆိပ်အတွက် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း ၃၀ စီ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယခုကဲ့သို့ အားကစားပြိုင်ပွဲ များတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်း ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့များက နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများရရှိအောင် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးနိုင်ခဲ့သလို ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်အစိုးရက ထိုက်ထိုက်တန်တန် ပြန်လည်ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ အားကစားအဖွဲ့ချုပ်များနှင့် အားကစားမောင်မယ်များအနေဖြင့် ယခုကဲ့သို့ အားကစားနည်းအလိုက် ယှဉ်ပြိုင်ခဲ့ကြသည့်အပေါ်တွင် အားသာချက်၊ အားနည်းချက်များကိုထုတ်ဖော်၍ နောင်လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများ ပိုမိုဆောင်ကြဉ်းပေးနိုင်မည့် စိတ်ဓာတ်ခွန်အား တွန်းအားများ တိုးပွားလာမည်ဟု ယုံကြည်သည်။နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ မြင့်မားတိုးတက်လာအောင် အဘက်ဘက်တွင် အားပေးမြှင့်တင် ဖြည့်ဆည်းပေးလျက်ရှိရာ မျက်မှောက်ကာလ တွင် ယခင်ကာလများနှင့်မတူ အားကစားနည်းအလိုက် တိုးတက်အောင်မြင်မှုများ ရရှိလာသည်ကိုတွေ့ရသည်။ အချို့အားကစားနည်းများတွင် တစ်ဦးမကျန် ရွှေတံဆိပ်ဆုများ ထူးထူးခြားခြားရရှိခဲ့သည်ကို တွေ့ရသကဲ့သို့ အချို့အားကစားနည်းများတွင် ရွှေတံဆိပ်ဆုများ မရရှိခဲ့သော်လည်း ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အမြင့်ဆုံး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အချို့ပြိုင်ပွဲများတွင် တစ်ဖက်အသင်းနှင့် အစွမ်းအစကွာခြားမှု ကြီးကြီးမားမားမရှိဘဲ အခြေအနေအရ လွဲချော်ခဲ့သည်ကို တွေ့ရသည်။မည်သို့ပင်ဖြစ်စေ မြန်မာအားကစားအဖွဲ့များသည် နိုင်ငံတော်၏ အားပေးမြှင့်တင်ဂုဏ်ပြုချီးမြှင့်ပေးမှုများဖြင့် စိတ်ဓာတ်ခွန်အားများ မြင့်မားခိုင်ကျည်ကြကာ ရွှေတံဆိပ်မရရှိခဲ့သော အားကစားနည်းတွင် အားနည်းချက်များကိုရှာဖွေ၍ ဆက်လက်မြှင့်တင်ကြိုးစားကြပြီး ရွှေတံဆိပ်ဆုများရရှိခဲ့သည့် အားကစားအဖွဲ့များအနေဖြင့် ယခုထက် ပိုမိုအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်းကြကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။moi
Mon, 02/09/2026 - 12:00
သုတေသနနှင့် တီထွင်ဆန်းသစ် နိုင်ငံဖွံ့ဖြိုးမှုအထောက်အကူပြု
သုတေသနနှင့် တီထွင်ဆန်းသစ် နိုင်ငံဖွံ့ဖြိုးမှုအထောက်အကူပြု
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုအား အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရသည်။ သုတေသနလုပ်ငန်းများတွင် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်တွင် အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံတိုးတက်ကြီးပွားချမ်းသာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများကို အလေးထားပြုလုပ်ရန် အထူးလိုအပ်လျက်ရှိသည်။ လုပ်ငန်းနယ်ပယ်အချို့တွင် သုတေသနလုပ်ငန်းများကို တည်ထောင်ထားသော်လည်း အချို့လုပ်ငန်းများတွင် သုတေသနကို တည်ထောင်ရင်းနှီးမြှုပ်နှံခြင်းမရှိသေးသဖြင့် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်ချက်များရှိနေသည်။လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်သည်။ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှုစွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ဖြစ်သည်။ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်၍ မြန်မာ့မူဟန်မပျောက်အောင်ထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ခေတ်မီတိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ်အမီလိုက်ပြီး ခေတ်မီနိုင်ငံတော် ဖြစ်အောင် အားလုံးပါဝင်တည်ဆောက်ရမည်ဖြစ်သည်။ထိုသို့ဆောင်ရွက်ရာတွင် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်နယ်ပယ်အားလုံးနှင့် အစိုးရနှင့် ပုဂ္ဂလိကနယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန်လိုအပ်သည်။ အစိုးရအနေဖြင့် ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာတွင် သတ်မှတ်သည့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသော်လည်း ပုဂ္ဂလိကပိုင်းတွင် ကိုယ်ပိုင်မူဝါဒနှင့် လွတ်လပ်စွာဆောင်ရွက်ရသည့်အတွက် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရန်လိုသည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသောနိုင်ငံဖြစ်၍ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် များသောအားဖြင့် ဆူလွယ်နပ်လွယ်ရှိသည့် လုပ်ငန်းကြီးများ လုပ်ကိုင်ကြသည်ကို တွေ့ရသည်။မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်၍ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးတွင် သုတေသနလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ကာ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေး ပြည့်ဝသည့် သုတေသနအခြေပြု ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများကို မွေးထုတ် ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအများစုသည် ပုဂ္ဂလိကကဏ္ဍကို အခြေပြုသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများသာမက အကြီးစားလုပ်ငန်းများတွင်ပါ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်ကြီးများက ပါဝင်ရင်းနှီးမြှုပ်နှံသွားရန်လိုအပ်သည်။စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာမခံချက်များရရှိရေးအတွက် နိုင်ငံတော်က အထောက်အပံ့ကောင်းများ ဖြည့်ဆည်း ပေးလျက်ရှိသလို ပုဂ္ဂလိကအကျိုးစီးပွားကို အာမခံချက်ပေးသည့် မူပိုင်ခွင့်အခွင့်အရေးများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေး အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ရင်းနှီးမြှုပ်နှံတည်ထောင်ပြီး ကုန်ထုတ်လုပ်ငန်းများ အကျိုးဖြစ်ထွန်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို အထောက်အကူပြုနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။moi
Sat, 02/07/2026 - 12:00

Information

  • Today Visitors: 8
  • Unique Visitor: 47701
  • Total Visitor: 422299

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • February 2026 (1423)
  • January 2026 (1526)
  • December 2025 (1339)
  • November 2025 (1125)
  • October 2025 (1115)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.