ကျန်းမာရေးအတွက် ပန်းသီး ရှလကာရည်နှင့် ပျားရည်အစွမ်း

Posted_Date

Image

ကျန်းမာရေးအတွက် ပန်းသီး ရှလကာရည်နှင့် ပျားရည်အစွမ်း

Body

ပန်းသီးရှလကာရည်လို့ခေါ်တဲ့   Apple   Cider Vinegar (ACV) က  ကျန်းမာရေးအတွက် ဆေးစွမ်း ထက်မြက်သလို   သဘာ၀ပျားရည်ကလည်း လွန်စွာဆေးဖက်၀င်ပါတယ်။ အဲဒီပစ္စည်း တစ်မျိုးချင်းစီမှာ ပင်ကိုသဘာ၀ဆေးစွမ်း သတ္တိတွေပါရှိနေပြီး  အဲဒီ နှစ်မျိုးကိုပေါင်းစပ်လိုက်တဲ့အခါ ကျန်းမာရေးအတွက် အံ့မခန်းအစွမ်းထက်တာကို တွေ့ရမှာဖြစ်ပါတယ်။

ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ဆိုတာ ပန်းသီးကိုကြိတ်ခြေ၊ ပေါင်းခံပြီး  အချဉ်ဖောက်ထားတာကြောင့် အက်စီတစ် အက်စစ် (Acetic acid) မြင့်မားစွာပါရှိနေပါတယ်။ အဲဒီအက်စစ်ကို ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့အခါ လူကို ဘေးဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေကို သေစေနိုင်ခြင်း၊ အရေပြားကူးစက်ရောဂါ အမျိုးမျိုးတို့မှ ကာကွယ် ပေးနိုင်ခြင်းကို တွေ့ရပါတယ်။ လက်သည်းမှိုစွဲခြင်းနဲ့ ကြွက်နို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အက်စီတစ်အက်စစ်က Antiseptic (ခေါ်) ပိုးသတ် ဆေးတစ်မျိုးဖြစ်လို့  ကိုယ်တွင်းကိုယ်ပနာတာရှည်ရောဂါ ကူးစက်မှုဝေဒနာတွေကို   ကောင်းစွာကုသ ပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊     အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး    အစာစားပြီး နောက်  သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင် တာကြောင့်  ဆီးချိုရောဂါရှိသူတွေနဲ့  ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသူတွေအတွက် ကောင်းကျိုးပြုပါတယ်။   ဗိုက်ပြည့်အင့်တဲ့ ခံစားချက်ကိုဖြစ်စေပြီး  အစာစားချင်စိတ်ကိုလျော့ကျစေတဲ့အတွက် ကယ်လိုရီစားသုံး မှုကိုနည်းစေပြီး  ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။    အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အတွက်      အစာချေဖျက်ရာမှာ အထောက်အကူပြုပြီး အူလမ်းကြောင်း ကျန်းမာရေး အတွက်   ကောင်းမွန်စေပါတယ်။   ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာလည်း  အထောက်အကူပြုနိုင်ပါတယ်။ သွေးတွင်းမကောင်း တဲ့ကိုလက်စထရောကို လျှော့ချပေးနိုင်ပြီး  နှလုံးသွေးကြောရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သဘာ၀ပျားရည်

ပျားရည်က သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး      နှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ ပျားရည် မှာ သကြားဓာတ်၊  အမိုင်နိုအက်စစ်၊    ဗီတာမင်၊သတ္တုဓာတ်၊  သံဓာတ်၊  ဇင့်နဲ့  ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဒါ့ပြင် ပျား ရည်ထဲမှာ ဖီနိုလစ်ဓာတ်ပေါင်းစုပါရှိနေပြီး အဲဒီဓာတ် ပေါင်းစုက   ခန္ဓာကိုယ်အတွက်   ကောင်းကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးနိုင် ပါတယ်။   ဒါကြောင့်  ပျားရည်က ကျန်းမာရေးကိုကောင်းမွန်စေပြီး ရောဂါ‌ဝေဒနာတွေနဲ့  ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာတို့ကို   ကာကွယ်ပေးပါတယ်။ ပျားရည်က ချောင်းဆိုးခြင်း၊  လည်ချောင်းယားခြင်း၊ လည်ချောင်းနာခြင်းတို့ကိုသက်သာစေနိုင်ပြီး ညဘက် အိပ်ပျော်စေဖို့   ကူညီပေးနိုင်ပါတယ်။    ပျားရည်မှာ ပိုးသေ၊  မှိုသေစေနိုင်တဲ့အစွမ်းတွေ    ပါရှိပါတယ်။ ဒါ့ပြင်  ဒဏ်ရာတွေ၊  အပူလောင်တာတွေနဲ့   အနာ တွေကို    မြန်မြန်ကျက်စေဖို့အတွက်   လိမ်းပေး နိုင်ပါတယ်။  ပျားရည်မှာပါဝင်တဲ့  Flavonoids လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက  ဆဲလ်တွေကိုပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။   ဒါကြောင့်   ကင်ဆာနဲ့နှလုံးရောဂါလိုရောဂါတွေကို ကာကွယ်ရာမှာ အရေးပါပါတယ်။ ပျားရည်က အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ အပြင်   အစာအိမ်နဲ့  အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ(ဥပမာ-ဝမ်းလျှောခြင်း)ကို  ကုသရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။ ပျားရည်က သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောနဲ့ Triglycerides  ကိုလျှော့ချပေးနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးစေနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကိုအထောက် အကူပြုပါတယ်။  အရက်နာကျတဲ့အခါ ပျားရည်ကို ရေနဲ့ရောစပ်ပြီး သောက်သုံးပေးခြင်းက အစာအိမ် ကိုသက်သာစေပြီး ပျားရည်မှာပါတဲ့ ဖရက်တို့စ်ဓာတ်တွေက  ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အထောက် အကူပြုပါတယ်။ ပျားရည်က ကောင်းကျိုးများစွာရှိ ပေမယ့်  သဘာဝသကြားဓာတ်ဖြစ်လို့  အလွန်အကျွံ စားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့်  အသက်တစ်နှစ်အောက် ကလေးငယ်တွေကို မတိုက်သင့်ပါဘူး။

ပန်းသီးရှလကာရည်နှင့်ပျားရည်

ဆေးသုတေသီတွေရဲ့   လေ့လာမှုမှတ်တမ်းတွေအရ   ပန်းသီးရှလကာရည်က  နာတာရှည်အဆစ် အမျက်ရောင်ရမ်းနာကျင်ခြင်းကို  ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ထို့အတူ ပျားရည်က အဆစ်ရောင်ရောဂါတွေကို ကောင်းစွာကုသပေး နိုင်ကြောင်း သိရပါတယ်။

အိန္ဒိယဆေးသုတေသီတွေရဲ့     လေ့လာမှုအရ ပန်းသီးရှလကာရည်နှင့် ပျားရည်တို့ကိုရောစပ်၍ ဖျော်သောက်ခြင်းက  အစာအိမ်ထဲမှာရှိတဲ့ အက်စစ် ထွက်ရှိမှုကို မျှတစေကြောင်း၊  ဒါကြောင့် အစာစားပြီး နောက်  လေချဉ်တက်လေ့ရှိသူတွေနဲ့  ရင်ပူ၊  နှလုံး ပူတတ်သူတွေအနေနဲ့ ပန်းသီးရှလကာရည်နဲ့ ပျားရည်ကိုရောစပ်ပြီး   သောက်သင့်ကြောင်း  အကြံပြုထားပါတယ်။

ပန်းသီးရှလကာရည်မှာပါတဲ့ အက်စီတစ်အက်စစ် က အစာထဲမှာရှိတဲ့   ပရိုတင်းဓာတ်ကို  ဖြိုခွဲပေးပါတယ်။ ဒါ့ပြင် အစာအိမ်ထဲမှာရှိတဲ့ အစားအစာတွေ ကို ကောင်းစွာကြေညက်စေဖို့ အင်ဇိုင်းဓာတ်တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။   ပျားရည်က   လေထိုး၊ လေပွ၊ ဗိုက်နာခြင်းတွေကို ပြေပျောက်စေပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ   တက္ကသိုလ်တစ်ခုမှလေ့လာမှုအရ ပန်းသီးရှလကာရည် ၃၀ မီလီလီတာ ကို  ရေသန့် ၅၀၀ မီလီလီတာနဲ့   သောက်ခြင်းက   ခန္ဓာကိုယ်ထဲရှိအဆီခဲတွေကို ဖြိုခွင်းပေးပြီး အ၀လွန် ခြင်းကိုလျှော့ချပေးနိုင်ကြောင်း၊   ပန်းသီးရှလကာရည်ကို ပျားရည်နဲ့သောက်ခြင်းက သွေးထဲရှိသကြား ဓာတ်ပမာဏကိုထိန်းညှိပေးခြင်း၊   သွေးကြောထဲရှိအဆီအနည်ကျမှုကိုကာကွယ်ပေးခြင်း၊   ခန္ဓာကိုယ် ထဲရှိ   အဆိပ်အတောက်များကို  ဖယ်ရှားပေးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စသည်ဖြင့် ကောင်းကျိုးပြု နိုင်ကြောင်း သိရပါတယ်။

အက်စီတစ်အက်စစ်က အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပြီး သည်းခြေရည်ကိုကောင်းစွာထွက် ရှိစေတာကြောင့် ကိုလက်စထရောကျဆင်းစေ ကြောင်း၊ ပျားရည်ကို မှန်မှန်စားပေးခြင်းက မကောင်း တဲ့ကိုလက်စထရောကို လျှော့ချပေးပြီး    ကောင်းတဲ့ ကိုလက်စထရောကို တိုးမြှင့်ပေးနိုင်ကြောင်း၊ ယင်း နှစ်မျိုးဖျော်ရည်က ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး သွေးသန့်စေကြောင်း အကြံပြုထား ပါတယ်။

ပျားရည်ထဲရှိ စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက   နှလုံးသွေးကြောပြဿနာနဲ့  နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးပြီး  လေဖြတ်ခြင်း ကို ဟန့်တားပေးနိုင်ပါတယ်။ ပန်းသီးရှလကာရည်က ကိုလက်ထစရောကျပြီး သွေးဖိအားကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှလကာရည်နဲ့ပျားရည် နှစ်မျိုးပေါင်းက နှလုံးကိုကျန်းမာစေပါတယ်။

ပျားရည်နှင့်    ပန်းသီးရှလကာရည်တို့ဓာတ်ပြုမှုက သွေးဖိအားတက်ခြင်းကို လျှော့ချပေးနိုင်တာကြောင့်  သွေးတိုးရောဂါဝေဒနာရှင်တွေကို ကောင်း ကျိုးပြုပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ    ဆီးချိုရောဂါအဖွဲ့ အစည်းတစ်ခုမှထုတ်ပြန်ချက်အရ အမျိုးအစား -၂ ဆီးချိုရောဂါအတွက် သောက်သုံးရတဲ့  ဆီးချိုကျ ဆေးတွေရဲ့ အင်ဆူလင်ပြဿနာကို ပန်းသီးရှလကာရည်က ကောင်းကျိုးပြုပေးနိုင်ကြောင်း၊ အထူးသဖြင့် ရောဂါဖြစ်သူများအနေဖြင့်  ညအိပ်ခါနီး    ပန်းသီးရှလကာရည် သောက်ပေးခြင်းက      ဆီး၊ သွေးထဲရှိ ဂလူးကို့စ်ပမာဏကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်ကြောင်း၊ ပျားရည်က သွေးရည်ကြည်ကိုကောင်းကျိုး ပြုပြီး  ဆီးချိုသွေးချိုရောဂါသည်တွေရဲ့ သွေးထဲရှိ Fatty Acid ကိုကောင်းကျိုးပြုစေကြောင်း၊  ဒါကြောင့်  ပန်းသီးရှလကာရည်နဲ့ ပျားရည်နှစ်မျိုးဖျော်ရည်ကို    သောက်သုံးပေးခြင်းဖြင့်    သွေးထဲရှိသကြားဓာတ် ပမာဏကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

နံနက်ပိုင်း သို့မဟုတ်   လေ့ကျင့်ခန်းလုပ်ပြီး နောက်   ပန်းသီးရှလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းခန့်ကို ပျားရည်လက်ဖက် ရည်ဇွန်းတစ်ဇွန်းနဲ့    ဖျော်စပ်သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားစေပါတယ်။ အသည်း ကိုလည်း သန့်စင်စေပါတယ်။

ချောင်းဆိုးနေသူများ     ပျားရည်အသင့်အတင့် သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး လုံး၀မဖြစ်စေပါဘူး။  ပန်းသီးရှလကာရည်က  ချောင်းဆိုးပြီး လည်ချောင်းနာခြင်းအတွက်   အသုံး၀င်ပါတယ်။ ပန်းသီးရှလကာရည်နဲ့  ပျားရည်နှစ်မျိုးက ရာသီဖျား၊ ကူးစက်ရောဂါ၊ အအေးမိနှာစေးချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့အတွက်    ကောင်းကျိုးပြုပါ တယ်။

ပန်းသီးရှလကာရည်နဲ့   သဘာ၀ပျားရည်တို့ရဲ့ ပေါင်းစပ်ဓာတ်ပြုမှုက အရေပြားကိုကျန်းမာစေတာကြောင့် ဝဲနှင်းခူရောဂါနဲ့ အရေပြားအနီကွက်ဖြစ်ပြီး ယားယံခြင်းတို့အတွက် အသုံး၀င်ပါတယ်။  ဒါ့ပြင် အရေပြားပေါ်ရှိ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး ကျန်းမာသန့်စင်တဲ့ အရေပြားအသစ်ကို ဖြစ်တည်ပေး နိုင်ပါတယ်။

MWD