လေထဲမှာ ရက် ၉၀ ပျံဝဲပြီး စစ်သည်များကို 5G ကွန်ရက်ပေးမယ့် နေစွမ်းအင်သုံးဒရုန်း
အမေရိကန်ရေတပ်က သူတို့ရဲ့စစ်သည်များကို မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်ဖြစ်တဲ့ 5G ကွန်ရက် ပေးနိုင်စေဖို့အတွက်နည်းလမ်းတစ်မျိုးကိုစဉ်းစားလာပါတယ်။
အဲဒီနည်းလမ်းကတော့ ဒရုန်းများကိုအသုံးပြုခြင်းပါ။ ဒါပေမဲ့ သမားရိုးကျဒရုန်းများက လေထဲမှာ အချိန်ကြာမြင့်စွာမနေနိုင်တဲ့အတွက် နောက်တစ်နည်းစဉ်းစားရပြန်ပါတယ်။ နောက်ဆုံးထွက် ပေါ်လာ တဲ့နည်းကတော့ နေရောင်ခြည်စွမ်းအင်သုံးဒရုန်းများကို အသုံးပြုဖို့ဖြစ်ပါတယ်။
အမေရိကန်ရေတပ်က "Beyond 5G"ဆိုတဲ့စီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက် Skydweller Aero ကုမ္ပဏီနဲ့အတူပူးပေါင်းလိုက်ပါတယ်။ အထူးသဖြင့် ဝေဟင်ကနေ အင်တာနက် ကွန်ရက်ပြန်လည် မျှဝေပေးတဲ့နည်းပညာရှိပြီးသားဖြစ်တာကြောင့် Skydweller Aero ကုမ္ပဏီဆီကနေ နေရောင်ခြည် စွမ်းအင်သုံးဒရုန်းကိုရယူအသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီဒရုန်းတွေက ကာဗွန်ဖိုက်ဘာကိုအသုံးပြု ထားတဲ့အတွက် အလွန်ပေါ့ပါတယ်။ နေရောင်ခြည်စွမ်းအင်ကိုသာ ရယူအသုံးပြုတဲ့ အတွက်လေထဲမှာ ရက်ပေါင်း ၃၀ မှသည် ၉၀ အထိပျံဝဲနေနိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထား ပါတယ်။
Ref: IE
ကိုထက်
MWD
