ကျောက်ကပ်အားကောင်းစေသည့် အစားအစာများ
Posted_Date
Image
Body
ကျောက်ကပ်သည် လူ့ခန္ဓာကိုယ်ထဲတွင် ရှိသမျှ အဆိပ်အတောက်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်သန့်စင်ပေးသော အရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်လျှင် အဆိပ်အတောက်များပြည့်နေပြီး ရောဂါဝေဒနာဖိစီးသည့် ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မည်။ ကျောက်ကပ်ကျန်းမာစေရန် ကျောက်ကပ်အားကောင်း စေသောအစားအသောက်များ စားပေး သင့်သည်။
ပန်းသီး
ပန်းသီးသည် ကိုလက်စထရောနှင့် ဂလူးကို့စ်အပါအဝင် ပမာဏတစ်ခုအထိလျော့ကျစေနိုင်သည့် ပျော်ဝင်အမျှင် ဓာတ်(Pectin)ပါဝင်သော အရင်းအမြစ် တစ်ခုဖြစ်သည်။ သို့သော် အခွံပါစားရန် မမေ့သင့်ပါ။ ပန်းသီး၏အခွံတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါဝင်ရုံမျှ မက ပန်းသီးစိမ်းတွင် ဗီတာမင်-C ကြွယ်ဝစွာပါဝင်သည်။ ပန်းသီးတွင်ပါဝင်သည့် အမျှင်ဓာတ်သည် အညစ်အကြေးများကို အစာခြေစနစ်မှ စွန့်ထုတ်ပစ်သောကြောင့် ကျောက်ကပ်အတွက် ဝန်ပေါ့သွားနိုင်သည်။ ပန်းသီးတွင်ပါဝင်သော Quercetin က ဓာတ်တိုးဆန့်ကျင်ပစ္စည်းရန်မှ ကာကွယ်ပေးသည်။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီသီးသည် ကယ်လိုရီ နည်းပြီး ဗီတာမင်-C နှင့် အမျှင်ဓာတ်များ ကြွယ်ဝသည်။ ကင်ဆာရောဂါနှင့် နှလုံး ရောဂါတို့ကို ကာကွယ်ပေးပြီး ဦးနှောက်ကို အကျိုးပြုသည်ဟု လေ့လာမှုများအရ သိရသည်။
ကန်စွန်းဥ
ကန်စွန်းဥတွင် ဗီတာမင်-A နှင့် ဗီတာ မင်-C ကြွယ်ဝစွာပါဝင်သည်။ ဗီတာမင်-B6 နှင့် ပိုတက်ဆီယမ်လည်း ပါဝင်သကဲ့သို့ အမျှင်ဓာတ်လည်းပါဝင်သည်။ ပိုတက်ဆီယမ်အပါအဝင် ဗီတာမင်နှင့် ခန္ဓာကိုယ် ထဲမှ ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး ကျောက်ကပ်အပေါ်သက်ရောက်မှု လျော့ သွားရန် ကူညီသည်။ ထိုသို့သောရောဂါ ကင်းပြီး အာဟာရကြွယ်ဝသည့် အစား အစာများကို နေ့စဉ်စားသုံးမှုတွင် ထည့် သွင်းစားသုံးရမည်။ ကျောက်ကပ်အတွက် သာမက ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုး ပြုနိုင်သည်။
ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သည့် အစားအစာများ ဖရဲသီး
ဖရဲသီးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင် ပြီး ကျောက်ကပ်ဝန်မပိရန် ရေဓာတ်ပြည့်ဝ နိုင်သည်။ ယင်းတွင် သဘာဝအတိုင်းပါဝင် သော ပိုတက်ဆီယမ်၊ ဆိုဒီယမ်ညီညွတ် မျှတမှုရရှိစေပြီး နွေရာသီတွင် စစ်ထုတ် လုပ်ငန်းချောမွေ့ရန် ကူညီနိုင်သည်။
သခွားသီး
ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်ပြီး စွန့် ထုတ်လုပ်ငန်းနှင့် ရေဓာတ်ပြည့်ဝရန် ကူညီနိုင်သည်။ ယင်းတွင်ပါဝင်သည့် ဆယ်လူလာနှင့် သတ္တုဓာတ်များသည် ကျောက်ကပ်အတွင်း သေးငယ်သော တည်ဆောက်ပုံအပါအဝင် တွယ်ဆက် တစ်သျှူးများကို အထောက်အပံ့ပေးသည်။
ရှောက်ရည်
ရှောက်သီးတွင်ပါဝင်သော စီးထရိတ် က ကျောက်ဖြစ်စေသည့်သတ္တုဓာတ်များကိုလျော့ကျရန် ကူညီပေးနိုင်သည်။ မနက် ခင်းတွင် ရှောက်ရည်ပူပူနွေးနွေးသောက်ခြင်းသည် အိပ်ရာထချိန်တွင် ရေဓာတ်ပြန်လည်ပြည့်ဝရန် ကူညီပေးသည်။
အုန်းရည်
အုန်းရည်တွင်ပါဝင်သည့် ဓာတ်ဆား များသည် ရေဓာတ်ပြည့်ဝရန် အထောက် အကူပေးသည်။ အုန်းနို့တစ်ခွက်တွင် နေ့စဉ် ပိုတက်ဆီယမ် လိုအပ်ချက်၏ ၁၃ ရာခိုင်နှုန်းပါဝင်ပြီး အာရုံကြောနှင့်ကျောက်ကပ်ညီညွတ်မှုရှိရန် ကူညီနိုင်သည်။ အပူဒဏ် သို့မဟုတ် လေ့ကျင့်ခန်း ပြုလုပ်ထားသောကြောင့် ရေဓာတ်ချို့တဲ့နေလျှင် အုန်းရည်သောက်ခြင်းက ကောင်း ပါသည်။
ခရင်မ်ဘယ်ရီ
ဗက်တီးရီးယားတွယ်ကပ်မှုကို ၄၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်သော (pACS)ဒြပ်ပေါင်းများ ပါဝင်သည်။ လူအများစုက ဆီးမကြာခဏသွားခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်းများအတွက် ခရင်မ်ဘယ်ရီ ကို စားသုံးသင့်သည်။
မုန်လာဥနီ
နိုက်ထရစ်အောက်ဆိုက်ပမာဏ များပြားစေပြီး ကျောက်ကပ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်သည်။ကျောက်ကပ်အတွင်း သွေးရောက်ရှိမှု များပြားသောကြောင့် စစ်ထုတ်လုပ်ငန်း လွယ်ကူနိုင်သည်။ အထူးသဖြင့် အထိုင် များသူများအတွက် သင့်လျော်သည်။
စပျစ်သီး
စပျစ်သီးတွင် ပေါကြွယ်ဝစွာပါဝင်သောရီဗာရက်ထရော(Resveratrol)က ဓာတ် တိုးပစ္စည်းကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင် ကာ ဆက်စပ်မှုရှိသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ ယင်းတွင် များစွာပါဝင် သောအရည်များကြောင့် ရေဓာတ်ပြည့်ဝ နိုင်သည်။
တရုတ်ကြက်သွန်မြိတ်
အရည်ညီညွတ်မျှတမှု ရရှိရန်အတွက် ထိန်းသိမ်းရန် ရေ ၆၇-၉၅ ရာခိုင်နှုန်းနှင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ ပါဝင်သည်။
ပန်းဂေါ်ဖီ
ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ တစ် ခွက်စာတွင် ပိုတက်ဆီယမ်က နေ့စဉ်လိုအပ်ချက်၏ ၉ ရာခိုင်နှုန်းသာ ပါဝင် သည့်အတွက် ကျောက်ကပ်ကြိုက်နှစ်သက်သည့်အစားအစာများနှင့် တွဲဖက် စားသုံးနိုင်သည်။
နံနံပင်
ဆီးစီးဆင်းအားနှင့် စစ်ထုတ်လုပ်ငန်းကို အထောက်အကူပေးနိုင်သောကြောင့် နံနံပင်စားသင့်သည်။ ကျောက်ကပ်၏ အဓိကတာဝန်မှာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စစ်ထုတ်ပေးသည်။သွေးတွင်း အညစ်အကြေးများကိုလည်း သန့်စင်ပေးသည်။ စစ်ထုတ်လိုက်သည့် အညစ်အကြေးများကို ဆီးအိတ်ထဲတွင် သိမ်းထားကာ ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးသည်။ ကျောက်ကပ်သည် ခန္ဓာကိုယ်၏ PH ပမာဏနှင့် ပိုတက်ဆီယမ်ကို ထိန်းညှိပေးသည်။ ဟော်မုန်းများထုတ်လုပ်ပေးပြီး သွေးနီဥထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးသည်။ အရိုးများ သန်မာစေပြီး ကြွက်သားများ အကောင်း ဆုံးလုပ်ဆောင်မှုရရှိစေရန် ကယ်လ်စီယမ် ကိုစုပ်ယူနိုင်စေရေး ဗီတာမင်-C ဖြစ်ပေါ် ရန် လှုံ့ဆော်ပေးသည်။ ကျောက်ကပ် ကျန်းမာစေသင့်သည်။
ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်သည်
နေ့စဉ် နာရီဝက်မှ တစ်နာရီကြာလေ့ကျင့်ခန်း၊ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့် သည်။ နေ့စဉ် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်သည်က ခန္ဓာကိုယ်ကိုကျစ်လျစ် စေရုံသာမက နာတာရှည်ကျောက်ကပ် ရောဂါမှ ကာကွယ်ပြီးသားဖြစ်နိုင်သည်။ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေ၍ နှလုံးကျန်းမာနိုင်သကဲ့သို့ နာတာရှည် ကျောက်ကပ်ရောဂါမှ ကာကွယ်ပြီးသား ဖြစ်သည်။
သွေးချိုထိန်းသိမ်းသင့်သည်
ဆီးချိုရောဂါရှိသူများနှင့် ပုံမှန်ထက် သွေးတွင်းသကြားဓာတ် မြင့်သူများကကျောက်ကပ်ထိခိုက်နိုင်ခြေ များနေကြ သည်။ သွေးတွင်းသကြားဓာတ်က ခန္ဓာ ကိုယ်ဆဲလ်များ လိုအပ်သောပမာဏ ထက်ပိုများသောအခါ ကျောက်ကပ်မှသွေးကြောများကို ထိခိုက်လာသည်။ထိုအခြေအနေက ရေရှည်ဖြစ်လာသည့် အခါ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။
သွေးပေါင်ချိန်ထိန်းညှိပေးသည်
မကြာခဏ သွေးတိုးသည်က ကျောက် ကပ်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သွေးမတိုးရန် ဂရုစိုက်သင့်သည်။ ရေရှည် တွင် ကျောက်ကပ်ကို ပျက်စီးနိုင်ခြေနည်း စေသည်။
အဝမလွန်သင့်ပါ
အဝလွန်ခြင်းက ကျောက်ကပ်ကို ပျက်စီးစေနိုင်သောကျန်းမာရေးအခြေ အနေအမှတ်အသားဖြစ်သည်။ အဝလွန် ခြင်း၏နောက်ဆက်တွဲဖြစ်သော ဆီးချို၊ သွေးချို၊ နှလုံးနှင့် သွေးတိုးရောဂါများဖြစ် လာခဲ့သော် ကိုယ်အလေးချိန် ထိန်းညှိသင့်သည်။ မကြာခဏသွေးတိုးသည်က ကျောက်ကပ်ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် သွေးမတိုးရန် ဂရုစိုက်သင့် သည်။ ရေရှည်တွင် ကျောက်ကပ်ကို ပျက်စီးနိုင်ခြေနည်းစေသည်။
ရေများများသောက်သင့်သည်
နေ့စဉ် ရေလုံလောက်စွာသောက်ခြင်းက ကျောက်ကပ်ကျန်းမာသည်။ ရေကို လုံလောက်သည့်ပမာဏ သောက်သုံးပေးသင့်သည်။ ရေသောက်ခြင်းဖြင့် ကျောက်ကပ်ထဲမှ အဆိပ်အတောက်များကို အထိရောက်ဆုံးဖယ်ရှားပစ်နိုင်သည်။ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားရ နိုင်ခြေကိုလည်း နည်းစေနိုင်သည်။
ဆေးလိပ်ဖြတ်သင့်သည်
ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်မှ သွေးကြောများကို ပျက်စီးစေနိုင်သည်။ သွေးကြောများထိခိုက်မှုက ကျောက်ကပ် နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် သွေးစီးဆင်းမှု နည်းသွားစေသည်။ ဆေး လိပ်သောက်ခြင်းသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေတိုးစေသောကြောင့် ကျောက်ကပ်ကျန်းမာစေလိုသော် ဆေးလိပ်ဖြတ်သင့်သကဲ့သို့ တစ်ဆင့်ခံဆေးလိပ် ငွေ့ရှောင်သင့်သည်။
မလိုအပ်ဘဲဆေးမသောက်သင့်ပါ
ဆေးများကို မလိုအပ်ဘဲသောက်ပါက ကျောက်ကပ် ထိခိုက်စေနိုင်သည့် အဓိက အကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် အကိုက်အခဲပျောက်ဆေးများကို မလိုအပ်ဘဲသောက်ခြင်းအပြင် တချို့ဆေးဖက်ဝင် အပင်မှထွက်သည့် ဆေးများကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ မသောက် သင့်ပါ။
