ရုရှားနယ်စပ်နှင့် ကီလိုမီတာ ၂၀၀ အကွာတွင် ဖင်လန်အခြေစိုက် နေတိုး၏ ကြည်းတပ်မကြီး MCLCC လုပ်ငန်းစတင်လည်ပတ်

News Image

  • ရုရှားနယ်စပ်နှင့် ကီလိုမီတာ ၂၀၀ အကွာတွင် ဖင်လန်အခြေစိုက် နေတိုး၏ ကြည်းတပ်မကြီး MCLCC လုပ်ငန်းစတင်လည်ပတ်

ဖင်လန်နိုင်ငံ၊ မီကယ်လီမြို့ အခြေစိုက် နေတိုး၏ ကြည်းတပ် ကွပ်ကဲရေး ဘက်စုံတပ်မကြီး (Multi-Corps Land Component Command (MCLCC) မှာ ယခုအခါ တရားဝင် စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း ဖင်လန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရ ပါသည်။

ဖင်လန်ကာကွယ်ရေးဝန်ကြီး Antti Hakkanen ၏ ပြောကြားချက်အရ MCLCC မှာ ယခုအခါ စတင် အလုပ်လုပ်နေပြီဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြုလုပ်မည့် လေ့ကျင့်မှုများမှာ မတူညီသော လုံခြုံရေးအခြေအနေများအောက်တွင် ညွှန်ကြားချက်များ နှင့်အညီတာဝန်များကို အပြည့်အဝထမ်းဆောင်နိုင်စွမ်း ရှိ/မရှိကို စမ်းသပ်အကဲဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားထားပါ သည်။

အဆိုပါ MCLCC ဌာနချုပ်အသစ်မှာ ရုရှားနယ်စပ်မှ ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိနေပါသည်။

အသင့်အနေအထားရှိနေပြီဖြစ်သော ထိုတပ်မကြီးမှာ တစ်နေ့တာလုံး လုပ်ငန်းလည်ပတ်မည်ဖြစ်ပြီး အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းရှိ နေတိုး၏ Joint Force Command Norfolk သို့ တိုက်ရိုက် အစီရင်ခံ တင်ပြမည်ဖြစ်ကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Crd Photo – The Kyiv Independent