အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးစွမ်းဆောင်ရည်များအား လျော့နည်းကုန်ခန်းစေမည့် မဟာဗျူဟာကို အသုံးပြုမည်ဟု အီရန်ပြော

News Image

  • အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးစွမ်းဆောင်ရည်များအား လျော့နည်းကုန်ခန်းစေမည့် မဟာဗျူဟာကို အသုံးပြုမည်ဟု အီရန်ပြော

အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးစွမ်းဆောင်ရည်များကို လျော့နည်းကုန်ခန်းစေမည့် မဟာဗျူဟာတစ်ရပ်ကို အသုံးပြုမည်ဖြစ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ISNA သတင်းဌာနက မတ်လ ၃၁ ရက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံက ကျင့်သုံးမည့် မဟာဗျူဟာသည် ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့တို့၏ စစ်ရေးစွမ်းဆောင်ရည်ကို တိုက်စားယိုယွင်းစေရန် ရေရှည်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အဆိုပါသတင်းဌာနက ၎င်းတို့၏ လူမှုမီဒီယာစာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေကြောင်းနှင့် အာကာသတပ်ဖွဲ့များသည် Emad၊ Khorramshahr-4 နှင့် Kadr ဒုံးကျည်စနစ်များကို အသုံးပြု၍ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ISNA သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ဘနီဘရက်၊ တဲအဗစ်နှင့် ဂါလီလီဒေသများအပါအဝင် အစ္စရေးတပ်မှူးများ အစည်းအဝေးပြုလုပ်ရာနေရာများလည်း ပါဝင်ကြောင်း သိရသည်။

Ref: Iv

MWD