အက်စတိုးနီးယားနိုင်ငံရှိ လူနေအိမ်ခြေများအနီး ယူကရိန်းဒရုန်းပေါက်ကွဲ

News Image

  • အက်စတိုးနီးယားနိုင်ငံရှိ လူနေအိမ်ခြေများအနီး ယူကရိန်းဒရုန်းပေါက်ကွဲ

ယူကရိန်းတပ်မတော် အသုံးပြုနေသည့် ဒရုန်းတစ်စင်းသည် အက်စတိုးနီးယားနိုင်ငံ တာတူးခရိုင်ရှိ လူနေအိမ်ခြေများအနီးတွင် ပေါက်ကွဲခဲ့ကြောင်း ဒေသန္တရစည်ပင်သာယာရေးအဖွဲ့က မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပျက်ကျသွားခဲ့သည့် ဒရုန်း၏ အစိတ်အပိုင်းများကို တာတူးခရိုင် ကက်စထရီ ကျေးလက်ဒေသ စည်ပင်နယ်မြေအတွင်း၌ တွေ့ရှိခဲ့ကြောင်း အဆိုပါအုပ်ချုပ်ရေးအဖွဲ့က လူမှုမီဒီယာစာမျက်နှာတွင် ဖော်ပြထားသည်။

ယူကရိန်းဒရုန်းများသည် အက်စတိုးနီးယားနှင့် လက်ဗီးယားနိုင်ငံများ၏ ပိုင်နက်များအတွင်းသို့ ရုရှားနိုင်ငံမှ တစ်ဆင့် လမ်းကြောင်းမှားဝင်ရောက်လာပြီး ပျက်ကျမှုများဖြစ်ပွားခဲ့ကြောင်း အဆိုပါနိုင်ငံအစိုးရအဖွဲ့များက ပြောကြားထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသည် မော်စကိုအပါအဝင် ရုရှားနိုင်ငံအတွင်းရှိ ဒေသများအတွက် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ဒရုန်းအစင်းပေါင်း ၄၀၀ နီးပါးကို လွှတ်တင်ခဲ့ကြောင်း သိရသည်။Ref: Iv

MWD