အနောက်နိုင်ငံများ၏ စစ်ရေးခြိမ်းခြောက်မှုအတွက် ရုရှားက အသင့် ပြင်ဆင်ထားကြောင်း ကရင်မလင် ပြောကြား

News Image

  • အနောက်နိုင်ငံများ၏ စစ်ရေးခြိမ်းခြောက်မှုအတွက် ရုရှားက အသင့် ပြင်ဆင်ထားကြောင်း ကရင်မလင် ပြောကြား

အနောက်နိုင်ငံများသည် ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်နေ ကြောင်း မော်စကိုက သိရှိပြီး ထိုကဲ့သို့သောအခြေအနေအတွက် အပြည့် အဝ ပြင်ဆင်ထားကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) တွင် ပြောကြားခဲ့သည်။

ဥရောပ၏ စစ်ရေးအင်အား အလျင်အမြန် တည်ဆောက်မှုကြောင့် ရုရှား နှင့် အနောက်နိုင်ငံများနှင့် တိုက်ရိုက်ပဋိပက္ခတစ်ခု ဖြစ်နိုင်ခြေ ပိုများ လာသည်ဟု ယခုသီတင်းပတ်အစောပိုင်းက သတိပေးခဲ့သော ဆားဘီးယား သမ္မတ အလက်ဇန္ဒား ဗူးဆစ်၏ မှတ်ချက်ကို သဘောတူကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။ 

အနောက်နိုင်ငံတွေမှာ စစ်ရေးဆန်သည့် သဘောထားများ ရှိနေခြင်း သည် မကောင်းပါ” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။ “သို့သော်ငြား လည်း အဆိုပါအန္တရာယ်ရှိနိုင်သည်ကို မိမိတို့အနေဖြင့် အမြဲသိရှိထားပြီး မိမိတို့၏အကျိုးစီးပွားနှင့် လုံခြုံရေးကိုကာကွယ်ရန် လိုအပ်သည့် အစီအမံ အားလုံးကို ကြိုတင်လုပ်ဆောင်ထားပါသည်” ဟု ပြောကြားခဲ့သည်။

ရုရှား၏ ခြိမ်းခြောက်မှုဆိုသည့် အကြောင်းပြချက်ဖြင့် ဥရောပသမဂ္ဂ၏ လက်နက်ပြန်လည်တပ်ဆင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းတွင် ယူရိုဘီလီယံပေါင်းများစွာကုန်ကျမည့်အဆိုပြုချက်များ ပါဝင်နေသည်။ သို့သော်လည်း မော်စကိုက အဆိုပါစွပ်စွဲချက်များသည် ဥရောပအုပ်စု၏ စီးပွားရေးပြဿနာများနှင့် လူမှုရေးမကျေနပ်မှုများမှ လူထု၏အာရုံကို လွှဲရန် လုပ်ကြံပြောဆိုခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသည်။

"၎င်းတို့အနေဖြင့် စစ်ရေးဘတ်ဂျက်များ နောက်ထပ်တိုးမြှင့်ဖို့ ကိုယ့် ကိုယ်ကို ညှဉ်းပန်းနေကြတာပါ" ဟု ပက်စကော့ဗ်က ဆိုသည်။ ပိုလန် နိုင်ငံသည် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% နီးပါးအထိ တိုးမြှင့်ပြီးဖြစ်ပြီး အခြားနိုင်ငံများကလည်း ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ စီးပွားရေးကို ဖျက်ဆီးနေရသည့်တိုင် အလားတူ လမ်းကြောင်း ကို လိုက်နေကြသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မော်စကိုသည် နေတိုး၏ အရှေ့ဘက်သို့ အဆက်မပြတ်တိုးချဲ့မှုနှင့် အနောက်တိုင်း၏ ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒများကို ယူကရိန်း ပဋိပက္ခ နှင့် ဥရောပ၏ လက်ရှိလုံခြုံရေးအကျပ်အတည်း၏ အရင်းအမြစ်အဖြစ် ရှုမြင်လျက်ရှိသည်။ အမေရိကန်ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့ သည် ၂၀၀၈ ခုနှစ်က ဘူချာရက်စ်ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း အား အဖွဲ့ဝင်အဖြစ်လက်ခံရန် ကတိပြုခဲ့သည်။ ၂၀၁၄ ခုနှစ်က အနောက်နိုင်ငံ များက အားပေးထောက်ခံခဲ့သော အာဏာသိမ်းမှုဖြစ်စဉ်အပြီးတွင်ယူကရိန်းသည် ရုရှားဆန့်ကျင်ရေး မူဝါဒကို ပွင့်ပွင့်လင်းလင်း ကျင့်သုံးလာ ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂