KK Park နယ်မြေမှ အဆောက်အအုံများအားဖျက်စီးစဥ် အဆင့်မြင့် ဖောက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် တစ်ဖက်နိုင်ငံသို့ အစအန လွှင့်စင်ခြင်းများမရှိ

News Image

  • KK Park နယ်မြေမှ အဆောက်အအုံများအားဖျက်စီးစဥ် အဆင့်မြင့် ဖောက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် တစ်ဖက်နိုင်ငံသို့ အစအန လွှင့်စင်ခြင်းများမရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park နယ်မြေအတွင်းမှ အဆောက်အအုံများအား ဖြိုချဖျက်စီးချိန်၌ အဆင့်မြှင့်ဖောက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် တစ်ဖက်နိုင်ငံသို့ အစအနလွှင့်စင်ခြင်းများမရှိခဲ့ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

ပထမဦးဆုံး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလုပ်ခဲ့သည့် KK Park နယ်မြေ၌ အွန်လိုင်းလောင်းကစားမှုများ ပြန်လည်အခြေမချနိုင်ရန် ယင်းနယ်မြေရှိ အဆောက်အအုံများကို (၁၀၀) ရာခိုင်နှုန်းဖျ-က်ဆီးနိုင်ရန်ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ချိန်၌ စက်ယန္တရားများနှင့် ဖြိုဖျက်ခဲ့ခြင်းများ၊ အဆင့်မြင့်ဖောက်ခွဲခဲ့ခြင်းများရှိပြီး ယင်းသို့ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရာတွင် တစ်ဖက်နိုင်ငံမှ ယင်းဖောက်ခွဲလိုက်သောအစအနများမှာ ၎င်းတို့၏ နိုင်ငံအတွင်းကျသည်ဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့သည်ဟု ပြောသည်။

“ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဗီဒီယိုမှတ်တမ်းတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ သူတို့ကို ဒီအစအနတွေမကျဘူးဆိုတာလည်း ဗီဒီယိုမှတ်တမ်းတွေနဲ့ပြခဲ့ပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

KK Park နယ်မြေရှိ အဆောက်အအုံအားဖြိုချဖျ-က်ဆီးရာတွင် အဆင့်မြှင့်ဖောက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် အဆောက်အအုံသည် တည့်တည့်အောက်သို့ပြိုကျသဖြင့် တစ်ဘက်နိုင်ငံအတွင်းသို့ကျရောက်ခြင်းမရှိခဲ့သည့်အပြင် ယင်းအဆောက်အအုံအနီးရှိ အဆောက်အအုံများပေါ်သို့ပင်ကျရောက်ခြင်းမရှိခဲ့သည့်နည်းတူ တစ်ဖက်နိုင်ငံနယ်စပ်အနီးကပ်ရှိ Hotel တစ်လုံးကိုဖြိုချဖျက်ဆီးရာတွင်လည်း တစ်ဖက်နိုင်ငံနှင့် နယ်ခြားမျဉ်းဖြစ်သော မြစ်ထဲသို့ပင် အစအနကျခြင်းမရှိသဖြင့် အဆောက်အအုံများဖြိုချရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Popular Myanmar