မြန်အောင်မြို့နယ်၌ ဒေသထွက် ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ
မြန်အောင် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ဒေသထွက်ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း မြန်အောင် မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းပပ ၏ပြောဆိုချက်အရ သိရသည်။
မြန်အောင်မြို့နယ်၌ ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှစတင်ပြီး ဖူးစား ပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဖူးစားပြောင်းများ ဝယ်လိုအားကောင်းလာခြင်းသည် ဒေသထွက်ဖူးစား ပြောင်းကို ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားများနေသည့်အပြင် တခြားဒေသများ မှလည်း ဝယ်လိုအားကောင်းလာခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။
''ဖူးစားပြောင်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်နဲ့ တခြားဒေသ တွေကပါ အဝယ်လိုက်နေပါတယ်။ ဒေသ ထွက်ဖူးစားပြောင်းတွေကို ရန်ကုန် ဈေးကွက်ကို အဓိကတင်ပို့နေပါတယ်။ ဖူးစားပြောင်းတွေ အဝယ်လိုက်ပြီး အရောင်းသွက်နေ တာဖြစ်ပါတယ်'' ဟု ဒေါ်စန်းပပ ကပြောသည်။
မြန်အောင်မြို့နယ်မှ လယ်ယာ ထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသထွက်ဖူးစားပြောင်းများကိုဝယ်ယူပြီး ကုန်တင်ယာဉ် များဖြင့် ရန်ကုန်ဈေးကွက်သို့ ပြန်လည်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
MWD

,
,