ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အာဖရိက-အာရှ တာဝန်ရှိသူများ တိုက်တွန်း

News Image

  • ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်  အာဖရိက-အာရှ တာဝန်ရှိသူများ တိုက်တွန်း

နိုင်ရိုဘီ   မေ   ၁၃

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရေးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အာဖရိကနှင့် အာရှဒေသတို့မှ စိုက်ပျိုးရေးဝန်ကြီးများ၊ သံတမန်များနှင့် ကျွမ်းကျင်ပညာရှင်များ စုဝေးတက်ရောက်ကြသည့် လေးရက်ကြာညီလာခံတစ်ရပ်ကို ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီမြို့၌  မေ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အာဖရိက - အာရှ    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AARDO) ၏ (၇၉) ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေး၌ ကျေးလက်ဒေသစိုက်ပျိုးရေးကဏ္ဍတွင် ဇီဝသိပ္ပံမြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ နည်းပညာများ ပေါင်းစပ်ထည့်သွင်းနိုင်ရေးနှင့် ပတ်သက်သည့် မဟာဗျူဟာများကို အလေးထားဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အာဖရိကနှင့် အာရှတို့မှ လက်တွေ့ကျသော လုပ်ဆောင်မှုများက  အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများကို သိသိသာသာအားကောင်းစေသည်ဟု  ကင်ညာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီး  မူတာဟီကာဂွေက ပြောကြားသည်။

ထို့အပြင် စားနပ်ရိက္ခာမဖူလုံမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊  ကျန်းမာရေးစောင့်ရှောက်မှု အားနည်းမှု၊ ဒစ်ဂျစ်တယ်ကွာဟ ချက်များအပါအဝင် အာဖရိကနှင့်  အာရှဒေသတစ်ဝန်းရှိ  ကျေးလက်နေပြည်သူများ  ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများက လူသန်းပေါင်းများစွာ ထိခိုက်စေသည့် ဆင်းရဲဒုက္ခသံသရာကို ဖြစ်ပေါ်စေသည်ဟု ၎င်းက မှတ်ချက်ပြုပြောသည်။      

ဆင်ဟွာ

MDN