ကျောက်ဆည်မြို့နယ်၌ အစိမ်းရောင်ခရမ်းရှည်သီးမျိုး စိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ

News Image

  • ကျောက်ဆည်မြို့နယ်၌ အစိမ်းရောင်ခရမ်းရှည်သီးမျိုး စိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အနေဖြင့် ဆည်၊မြောင်းများ ပေါများ၍ နှစ်ပတ်လည် စိုက်ပျိုးရေများ ရရှိသည့်အတွက် တောင်သူမျးအနေဖြင့် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်းနှင့် ပင်တလည်ကျေးရွာ တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားသော အစိမ်းရောင် ခရမ်းအရှည်သီးမျိုးပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဈေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းသီးနှံသည် မျိုးကွဲများစွာရှိပြီး စိုက်ပျိုးသူများအနေဖြင့် ဈေးကောင်းရရှိမည့် ခရမ်းမျိုးကို ရွေးချယ် စိုက်ပျိုးကြကြောင်း၊ ခူးဆွတ်ချိန်၌ ဈေးကွက်မကောင်းပါက အရှုံးနှင့်ရင်ဆိုင်ရသည့် တောင်သူများလည်း ရှိကြောင်း ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များကို ဦးစွာ သီးသန့်ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လသား အရွယ်တွင် သန်မာသည့် မျိုးပင်များကိုရွေးချယ်၍ စိုက်ပျိုးရန် မြေပြုပြင်ထားသော

စိုက်ကွင်းသို့ပြောင်းရွေ့စိုက်ပျိုးကြောင်း ခရမ်းစိုက်တောင်သူ ဦးမြင့်မောင်က ပြောပြသည်။

စိုက်ပျိုးရာ၌ တစ်ပင်နှင့်တစ်ပင် (၅) ပေအကွာခန့် စိုက်ပျိုးပြီး အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းခြင်း များ ပြုလုပ်ပေးရ၍ တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ခန့် အပင်အခြေများတွင် အာမိုမြေဩဇာနှင့် လဲ မြေဩဇာ ရောစပ်၍ သင့်တင့်ရုံကျဲပက်၍ အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ လိုအပ်သည့်အချိန်များတွင် အပင်အားတိုးဆေး၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း၊ ခရမ်းပင်သည် အဆက်မပြတ် သီးသည့် သီးနှံပင်ဖြစ်သည့်အတွက် ၂ရက်ခြား/၃ရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း၊ ခရမ်းအပင်(၅၀၀) စိုက်ပျိုး ထားသည့် ရန်ပုံနှစ်ကျေးရွာမှ ဦးတင်ထွန်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)