အီရန်နိုင်ငံတွင် အင်တာနက် လုံးဝနီးပါးပြတ်တောက်လျက်ရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့ ပြောကြား
အွန်လိုင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖြစ်သည့် Netblocks ၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံတွင် အင်တာနက် လုံးဝနီးပါး ပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ Netblocks အဖွဲ့က ၎င်းတို့၏ Telegram ချန်နယ်တွင် “ကွန်ရက်ဒေတာ အချက်အလက်များအရ အီရန် နိုင်ငံသည် လက်ရှိတွင် အင်တာနက် လုံးဝနီးပါး ပြတ်တောက်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချိတ်ဆက်နိုင်မှုနှုန်းမှာ ပုံမှန်အဆင့်၏ ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း အတည်ပြုနိုင်သည်” ဟု ရေးသားဖော်ပြထားသည်။
အဆိုပါ အခြေအနေမှာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးများကြားတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် အစ္စရေးနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အသုံးပြုခဲ့သည့် လုပ်ဆောင်ချက်များနှင့်လည်း ထပ်တူညီနေသည်။
အီရန်အစိုးရသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် အွန်လိုင်းဆက်သွယ်ရေးများကို ပိတ်ဆို့ထားသည့်အတွက် အီရန်ပြည်သူ များ ဇန်နဝါရီလ တစ်လလုံးနီးပါး အင်တာနက်အသုံးပြုခွင့် ပြတ်တောက်ခဲ့ရသည်။
ကိုးကား- CNN
Photo: GV Wire
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
