အီရန်ပြီးနောက် ကျူးဘားနိုင်ငံက အမေရိကန်၏နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ဟုဆို

News Image

  • အီရန်ပြီးနောက် ကျူးဘားနိုင်ငံက အမေရိကန်၏နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ဟုဆို

အီရန်နိုင်ငံပြီးနောက်    ကျူးဘားနိုင်ငံသည် အမေရိကန်၏ နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ဟု       အမေရိကန်အထက် လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

ကျူးဘားနိုင်ငံအနေဖြင့် အီရန်နောက်ပိုင်း      ၎င်းတို့အလှည့်ရောက်လာနိုင်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားမှာလည်း ပြိုလဲတော့မည် ဖြစ်ကြောင်း၊     ၎င်းတို့၏ နေ့ရက်များကိုလည်း    ရေတွက်ရနိုင်ပြီဖြစ်ကြောင်း   လင်ဆေးဂရေဟမ်က Fox News ရုပ်သံသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်   အီရန်အစိုးရ၏အုပ်ချုပ်မှုသည်လည်း      အဆုံးသတ်ရန်နီးကပ်နေပြီဟု ဂရေဟမ်က ပြောကြားထားကြောင်း သိရသည်။ 

ကျူးဘားနိုင်ငံကို ချစ်ကြည်ရင်းနှီးစွာ လွှဲပြောင်းရယူနိုင်မည့်    ဖြစ်နိုင်ခြေကို အမေရိကန်အစိုးရက    စဉ်းစားလျက်ရှိကြောင်းနှင့် ထိုသို့သော အခြေအနေမျိုးတွင် ကျူးဘားနိုင်ငံရှိ လက်ရှိအကျပ်အတည်းများနှင့် ယင်းနိုင်ငံအစိုးရနှင့် ဆွေးနွေးမှုများအတွင်း    လက်တွေ့ ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ     ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Ref: Iz

MWD