အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လုပ်ငန်းခွင်တစ်ခုတွင် မြေကျင်းရုတ်တရက်ပြိုကျ၊ ခုနစ်ဦးသေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြေကျင်းရုတ်တရက် ပြိုကျမှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်တွင် အတည်ပြု ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ဂုရုဂရမ်ခရိုင်ရှိ ဆောက်လုပ်ဆဲအိမ်ရာ စီမံကိန်းတစ်ခုတွင် မတ်လ ၉ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်သေဆုံးသူအားလုံးမှာ အဆိုပါလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများဖြစ်ကြောင်း သိရသည်။
Ref: Xinhua
MWD
MM-News-Category
