အီရန်နိုင်ငံက ဒုံးကျည်များ ထပ်မံပစ်လွှတ်၊ တိုက်ခိုက်မှုများ ပြင်းထန်လာ

News Image

  • အီရန်နိုင်ငံက ဒုံးကျည်များ ထပ်မံပစ်လွှတ်၊ တိုက်ခိုက်မှုများ ပြင်းထန်လာ

အီရန်နိုင်ငံပိုင် အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) မှ ဗုဒ္ဓဟူးနေ့ (မတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများတွင် ဒုံးကျည်များပစ်လွှတ်နေသည့် မြင်ကွင်းများကို ဖော်ပြထားသည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) မှ စစ်ပွဲစတင်ချိန်မှစ၍ အပြင်းထန်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် ယခုကဲ့သို့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစစ်ဆင်ရေးအတွင်း အစ္စရေးနိုင်ငံနှင့် ပင်လယ်ကွေ့ ဒေသ တစ်လျှောက်တွင် ဒုံးကျည်များ ကြားဖြတ်ဖျက်ဆီးခံရမှုများနှင့် သတိပေးဥဩသံများ ထွက်ပေါ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှု အသစ်များသည် အီရန်နိုင်ငံက ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများနှင့် အဆိုပါဒေသရှိ အမေရိကန်၏ ဗျူဟာမြောက်စခန်းများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေချိန်တွင် ဖြစ်ပွားလာခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ထရမ့်အစိုးရက အမေရိကန်သည် စစ်ပွဲတွင်အသာစီးရနေကြောင်း ပြည်သူ့ရှေ့မှောက်တွင် ဆက်လက် ပြောဆိုလျက်ရှိသည်။

ကိုးကား- CNN

Photo: Reuters

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂