သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ထားရှိ
ကြံခင်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ထားရှိသည်။
ထိုသို့ထားရှိရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်ပြီး သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးအား အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
ဧရာဦးသာ
MDN
MM-News-Category
