အောင်လံမြို့၌ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

News Image

  • အောင်လံမြို့၌ အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

အောင်လံ မေ ၁၁

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အောင်လံခရိုင်နှင့် မြို့နယ်အစားအသောက်နှင့်‌‌ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ အောင်လံမြို့ စည်ပင်သာယာဈေးတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။

 

ထိုသို့စစ်ဆေးရာတွင်ဆေးဆိုင်များ၊ ဈေးဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ အစားအသောက်ဈေးကွက် နမူနာကောက်ယူ၍ ခွင့်မပြုဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

MDN