ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး စာရင်းကောက်ယူရန် အသိပညာပေးဆွေးနွေး

News Image

  • ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး စာရင်းကောက်ယူရန် အသိပညာပေးဆွေးနွေး

နေပြည်တော် မေ ၁၁

 

ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီး ရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

 

အသိပညာပေးဆွေးနွေး

 

ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက လူမှုရေးပင်စင် ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သက်ကြီးရွယ်အို သက်သေခံ ကတ်ပြားထုတ်ပေးနိုင်ရေး အသက်အုပ်စုအလိုက် စာရင်းကောက်ယူ ခြင်း၊ စာရင်းကောက်ယူရန် သတ်မှတ်ချက်များ၊ သက်ကြီးရွယ်အိုများ အသက်အပိုင်းအခြားအလိုက် စာရင်း(ပုံစံ-၁)၊ သက်သေခံ ကတ်ပြားနမူနာ(ပုံစံ) စသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အောင်သူရဦး(ဒက္ခိဏ)

MDN