ကန်ကြီးထောင့်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး
ပုသိမ် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ ၂၅၀၈၁ ဧကထိ စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သော မတ်ပဲခင်းများကို ယခုနှစ် ဇန်နဝါရီလဒုတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ကန်ကြီးထောင့်မြို့နယ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မတ်ပဲ ၂၅၀၈၁ ဧကထိ စိုက်ပျိုး နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ဆောင်းသီးနှံတွေ စိုက်ပျိုးရာမှာ တောင်သူတွေ အခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့၊ စိုက်ပျိုးတဲ့သီးနှံတွေ ကောင်းမွန်စေဖို့ ဒေသခံတောင်သူတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်" ဟု ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမူက ပြောပြသည်။
မတ်ပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှု ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် မတ်ပဲကို ဒေသမရွေး ကြိုးပမ်းစိုက်ပျိုးသင့်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမူက ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
ရတနာပုံ
