ပြုပြင်မွမ်းမံရေးလုပ်ငန်း လုပ်ဆောင်နေစဉ် ဒေါ်လာ ၂ ဒသမ ၄ သန်းခန့်တန်ဖိုးရှိ ရွှေဒင်္ဂါးများကို ရှာဖွေတွေ့ရှိခဲ့သည့် ဩစတြီးယားနိုင်ငံမှ ရေပိုက်ပြင်သမား

News Image

  • ပြုပြင်မွမ်းမံရေးလုပ်ငန်း လုပ်ဆောင်နေစဉ် ဒေါ်လာ ၂ ဒသမ ၄ သန်းခန့်တန်ဖိုးရှိ ရွှေဒင်္ဂါးများကို ရှာဖွေတွေ့ရှိခဲ့သည့် ဩစတြီးယားနိုင်ငံမှ ရေပိုက်ပြင်သမား

      ဩစတြီးယားနိုင်ငံမှ ရေပိုက်ပြင်သူတစ်ဦးသည်  နေအိမ်ပြုပြင်မွမ်းမံရေး လုပ်ငန်းတစ်ခုလုပ်ဆောင်နေစဉ် တစ်မူထူးခြားသော ကြိုးတစ်ချောင်းကိုတွေ့ရှိခဲ့ပြီး အဆိုပါကြိုးနောက်သို့ လိုက်သွားရာမှ ဒေါ်လာ ၂ ဒသမ ၄ သန်းခန့်တန်ဖိုးရှိ ရွှေဒင်္ဂါးများအပြည့်ပါဝင်သည့် ရတနာ သေတ္တာတစ်လုံးကို    ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပိုက်ပြင်သူသည် ဗီယင်နာမြို့ရှိ နေအိမ်တစ်လုံးကို ပြုပြင်မွမ်းမံနေစဉ် မြေအောက်ခန်းကြမ်းပြင်မှ ထွက်ပေါ်နေသောကြိုးစကိုမြင်တွေ့ခဲ့ရာမှ ကြိုးစထွက်နေသည့် ကွန်ကရစ်ကြမ်းပြင်ကို တူးဖော်ကြည့်လိုက်ရာ ယင်းကြိုးမှာ ရွှေဒင်္ဂါးများ ပြည့်နှက်နေသည့် သေတ္တာတစ်လုံးနှင့် ချိတ်ဆက်နေခြင်းဖြစ်သည်။

အဆိုပါ ဒင်္ဂါးပြားများပေါ်တွင် မိုဇတ်၏ ရုပ်ပုံများရိုက်နှိပ်ထားပြီး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ဒုတိယကမ္ဘာစစ်မတိုင်မီက သွန်းလုပ်ခဲ့သည့် ဒင်္ဂါးများဖြစ်ကြောင်း သိရသည်။

သြစတြီးယားနိုင်ငံ၏    ဥပဒေအရ ရှေးဟောင်းပစ္စည်းများနှင့် အဖိုးတန်ရတနာများကို ရှာဖွေတွေ့ရှိသူ မည်သူမဆို အိမ်ပိုင်ရှင်နှင့်အတူ ရရှိလာသောရတနာများကို ထက်ဝက်ခွဲယူခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

MWD