ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့်နယ်စပ်ကို စောင့်ကြပ်ရန်အတွက် မြွေများနှင့်မိကျောင်းများကို အသုံးပြုရန် အိန္ဒိယ စတင်စဉ်းစား

News Image

  • ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့်နယ်စပ်ကို စောင့်ကြပ်ရန်အတွက် မြွေများနှင့်မိကျောင်းများကို အသုံးပြုရန် အိန္ဒိယ စတင်စဉ်းစား

  အိန္ဒိယနိုင်ငံသည် ၎င်းတို့နယ်စပ်ကို စောင့်ကြပ်ရန်အတွက် မြွေများနှင့်မိကျောင်းများကို အသုံးပြုရန် စတင်စဉ်းစားလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ၎င်းတို့၏နယ်စပ်မြစ်ကြောင်းများတွင် မြွေများနှင့်မိကျောင်းများ အသုံးပြုနိုင်ခြေရှိ၊ မရှိကိုလေ့လာရန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ညွှန်ကြား ထားကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာကြီးတစ်စောင်ဖြစ်သည့် The   Hindu က ဧပြီလ ၆ ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြထားသည်။

အိန္ဒိယအနေဖြင့်  နိုင်ငံ၏နယ်စပ်ရှိ သွားလာရန်ခက်ခဲသော နေရာများတွင် မြွေ   သို့မဟုတ်   မိကျောင်းကဲ့သို့သောတွားသွားသတ္တဝါများကို အသုံးပြုနိုင်ခြေ ရှိ၊ မရှိကို ချက်ချင်းလေ့လာပြီး စဉ်းစားသင့်သည်ဟု   နယ်ခြားစောင့်တပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်တွင် အသုံးပြုရန်အတွက် မြွေနှင့်မိကျောင်း ကဲ့သို့သော    တွားသွားသတ္တဝါများကိုမည်သို့ဝယ်ယူမည်၊ အဆိုပါတွားသွားသတ္တဝါများက နယ်စပ်ဒေသတွင် နေထိုင်သူများအပေါ် မည်သို့သက်ရောက်မှုရှိစေ မည်ကို စဉ်းစားလျက်ရှိသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်သည် မကြာခဏ ရေကြီးလေ့ရှိပြီး မြေပြင်အနေအထားအရ ရုပ်ပိုင်းဆိုင်ရာ ကာရံထားသော ခြံစည်းရိုးများနှင့် အတားအဆီးများ တည်ဆောက်ရန် ခက်ခဲကြောင်း သတင်းစာက  ဆက်လက်ဖော်ပြထားသည်။ 

MWD