ကျောက်ဆည်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်မည့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတနှင့်သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ဗဟိုမဏ္ဍပ်အနီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက် အုပ်စုများတွင်လည်း ရေကစားမဏ္ဍပ် များ အသီးသီးဆောက်လုပ်ထားကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အကြိုရက်မှစ၍ အတက်ရက်နေ့အထိ ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာ များနှင့်ရပ်ကွက်များမှ ယိမ်းအကများ၊ တေးသံရှင်များမှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး စတုဒိသာများလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲ၊ အက ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)

,