ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ
ဟိုပုံး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ကြပြီး အသက် ၈၀ နှင့်အထက် သက်ကြီးဘိုးဘွား ၈၇ ဦးတို့အား ကန်တော့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)
MDN
MM-News-Category

,