မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

News Image

  • မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

ပြည်သူများစိတ်လက်ချမ်းသာ ပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားများပြားစွာ လာရောက်ဆင်နွှဲလျက်ရှိ

နေပြည်တော် ဧပြီ ၁၃

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့်သင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ် အတာကူးကြမည်ဖြစ်ပြီး ယနေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော် မြန်မာ့ရိုးရာအတာသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

အဆိုပါ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်သို့ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် မိသားစုဝင်များ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ယိမ်းအက အဖွဲ့များနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်သို့ရောက်ရှိကြရာ ဒုတိယသမ္မတများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက မြန်မာ့ရိုးရာ အတာတေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ အခမ်းအနား တက်ရောက်လာကြသူများ၊ ယိမ်းအကအဖွဲ့များအား အတာသင်္ကြန် ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ပက်ဖျန်းပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်  ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြို့တော်ဝန် မဏ္ဍပ်မှ နေပြည်တော်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေပြည်တော် ရင်ပြင်သို့သွားရောက်ရာ လမ်းတစ်လျှောက်၌ ယိမ်းအကအဖွဲ့များက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တို့က နေပြည်တော်လမ်းလျှောက် သင်္ကြန်မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ယိမ်းအက ဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်၊ ထမနဲမဏ္ဍပ် များအား လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော် ရင်ပြင်အတွင်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုဇုန်နှင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များအား လှည့်လည် ကြည့်ရှု၍ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများနှင့် အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားလုံးပူးပေါင်း၍ မြန်မာ့ ရိုးရာ အနှစ်သာရကိုပေါ်လွင်စွာဖြင့် ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ အနုပညာရှင်အဖွဲ့များက ပါဝင်ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်၊ ထမနဲ မဏ္ဍပ်များကိုလည်း ထည့်သွင်းထားသည့်အတွက် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာ အစားအစာများကို ကမ္ဘာကသိရှိစေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဝန်ကြီးဌာနများအလိုက် ရေကစား မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်များ၌ စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံကျွေးမွေးလျက်ရှိရာ ပြည်သူများအနေဖြင့် စိတ်လက်ချမ်းသာ ပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို စည်ကားများပြားစွာ လာရောက်ပါဝင်ဆင်နွှဲလျက် ရှိကြောင်း သတင်းရရှိသည်။