လက်ရှိချန်ပီယံ ပီအက်စ်ဂျီက လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ရ ဘာစီလိုနာအသင်း အိမ်ကွင်း၌ အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်
ဧပြီ ၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ဒဇိုင်းယားဒူးက တစ်ဂိုး၊ ဗာရက်ခီလီယာက တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအစပိုင်းနောက်ပိုင်းကတည်းက ပရီမီယာလိဂ်ကလပ် အသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်း၊ အက်စ်တွန်ဗီလာအသင်း၊ အာဆင်နယ်အသင်း (နှစ်ကြိမ်)၊ စပါးအသင်း၊ ချယ်လ်ဆီးအသင်း(နှစ်ကြိမ်)၊ လက်ရှိလီဗာပူးအသင်းနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါ တယ်။
နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်
လီဗာပူးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ အက်သလက်တီ ကိုမက်ဒရစ်အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်မှာ ကူဘာစီတိုက်ရိုက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီးနောက် ပွဲကစားချိန် ၄၅ မိနစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ မှာ ဆော်လော့ရဲ့ သွင်းဂိုး ထပ်မံရရှိခဲ့လို့ အက်သလက်တီကိုမက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဧပြီ ၁၄ ရက်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။
ငွေကြယ်
MDN

,