အမေရိကန်သမ္မတ ထရမ့် လုံခြုံရေးအန္တရာယ်ကြုံတွေ့၊ သေနတ်သမားအား ဖမ်းမိ
ဝါရှင်တန် ဧပြီ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် သတင်းထောက်များနှင့်အတူ ညစာစားပွဲ ကျင်းပနေစဉ် လက်နက်ကိုင်တစ်ဦးက ဟိုတယ်ဧည့်ခန်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် သမ္မတ ထရမ့်ကို လုံခြုံရေးဝန်ထမ်းများက စင်မြင့်ပေါ်မှ ချက်ချင်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
သမ္မတထရမ့်က အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာပြီးနောက် အန္တရာယ်ကင်းရှင်းကြောင်း ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
အဆိုပါ သေနတ်သမားအား ဖမ်းမိခဲ့ကြောင်း လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။
သေနတ်သံဟုယူဆရသည့် ကျယ်လောင်သောအသံ သုံးသံ ကြားခဲ့ရကြောင်း ညစာစားပွဲ တက်ရောက်သူတစ်ဦးက ပြောကြားခဲ့သည်။
သေနတ်သမားသည် ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။
၎င်းသည် ကယ်လီဖိုးနီးယားတွင် နေထိုင်ပုံရပြီး စိတ်မကျန်းမာသူတစ်ဦးဖြစ်ပုံရကြောင်း အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ထရမ့်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN

,
,
,