ရေကြည်မြို့နယ် မြို့မဈေးကြီး၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

News Image

  • ရေကြည်မြို့နယ် မြို့မဈေးကြီး၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရေကြည် ဧပြီ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မြို့မဈေးကြီး၌ ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်‌ဆေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်၊ မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့်တာဝန်ရှိသူများက ပူး‌ပေါင်း၍ ဆောင်ရွက်သည်။

 

ဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးချိတ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုကြရန် အသိပညာပေး ဟောပြောပြီး မြို့မဈေးနှင့် ပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် စစ်ဆေး‌ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)

MDN