ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ

News Image

  • ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

အမြင်ချင်းဖလှယ်ဆွေးနွေး

 

တွေ့ဆုံစဉ် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ ကုသရေးအတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

တက်ရောက်

 

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်

MDN