ဘန်ကောက်မြို့၌ အပူအညွှန်းကိန်း အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိ

News Image

  • ဘန်ကောက်မြို့၌ အပူအညွှန်းကိန်း အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိ

ဘန်ကောက်မြို့၌ မေလ ၄ ရက်တွင် အပူအညွှန်းကိန်းက ၅၂ ဒီဂရီစင်တီဂရိတ် ကျော်လွန်သွားပြီး အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိလာကြောင်း ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ အလွန်အမင်းပူပြင်းသည့်အခြေအနေကြောင့် ပြည်သူများအနေဖြင့် အပြင်မထွက်ရန်၊ ပြင်ပလုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် အပူလျှပ်ခြင်းအန္တရာယ်ကို သတိပြုရန် သတိပေးထားသည်။

ယခုထုတ်ပြန်ချက်သည် အပြင်တွင် အလုပ်လုပ်ကိုင်သူများသာမက ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက်ပါ အထူးသတိပြုရမည့် အနီရင့်ရောင်အဆင့် သတိပေးချက်ဖြစ်သည်။

အပူအညွှန်းကိန်း မြင့်တက်နေစဉ် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများ ခံစားရပါက ဆေးကုသမှုကို ချက်ချင်းခံယူရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများ၊ အရက်သောက်သုံးသူများနှင့် အပြင်၌ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအနေဖြင့် ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။

Ref: ST

MWD