ဗီယက်နမ်သမ္မတ၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း BrahMos ဒုံးကျည်များ ဝယ်ယူရေး ဆွေးနွေးဖွယ်ရှိ

News Image

  • ဗီယက်နမ်သမ္မတ၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း BrahMos ဒုံးကျည်များ ဝယ်ယူရေး ဆွေးနွေးဖွယ်ရှိ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်သမ္မတ တိုလမ်သည် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မေလ ၅ ရက်တွင် ရောက်ရှိလာပြီး ယင်းခရီးစဉ်အတွင်း ရုရှားနှင့် အိန္ဒိယတို့ ပူးပေါင်းထုတ်လုပ်ထားသည့် BrahMos ဒုံးကျည်များ ဝယ်ယူရေးကိစ္စကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

တိုလမ်သည် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး နယူးဒေလီမြို့သို့ မသွားရောက်မီ ဗုဒ္ဓဂယာသို့ ဦးစွာဝင်ရောက်လည်ပတ်ခဲ့သည်။ သမ္မတနှင့်အတူ ဝန်ကြီးများ၊ အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ လိုက်ပါလာပြီး အိန္ဒိယနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်ထားသည်။

BrahMos ဒုံးကျည်အရောင်းအဝယ် သဘောတူညီချက် ဖြစ်ပေါ်လာပါက သင်တန်းပေးမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် ရူပီးဘီလီယံ ၆၀ ခန့် တန်ဖိုးရှိနိုင်ကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။

မေလ ၅ ရက်မှ ၇ ရက်အထိ ကြာမြင့်မည့် ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်အချို့ ထွက်ပေါ်လာနိုင်သော်လည်း လက်နက်တိုက်ရိုက်ရောင်းချရေး စာချုပ် လက်မှတ်ထိုးရန်မှာမူ မသေချာသေးကြောင်း သိရသည်။

Ref: ST

MWD