အိန္ဒိယနိုင်ငံက ပြည်တွင်းထုတ် လေဟုန်စီး လက်နက်စနစ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်

News Image

  • အိန္ဒိယနိုင်ငံက ပြည်တွင်းထုတ် လေဟုန်စီး လက်နက်စနစ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်

    အိန္ဒိယနိုင်ငံက ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လေဟုန်စီးလက်နက်စနစ် (Glide Weapon System) ကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့နှင့် အိန္ဒိယလေတပ်တို့ကထိုစမ်းသပ်မှုကို သြရိဿကမ်းလွန်ပင်လယ်ပြင်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

Tactical Advanced Range Augmen-tation (TARA) ဟု အမည်ပေးထားသည့် ယင်းစနစ်သည် လမ်းညွှန်မှုစနစ်မပါသော ထိပ်ဖူးများကို တိကျမှုမြင့်မားသည့် လမ်းညွှန်လက်နက်များအဖြစ် ပြောင်းလဲပေးနိုင်ကြောင်း တရားဝင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သုတေသနဌာနများက ပူးပေါင်းဖန်တီးထားသည့် အဆိုပါ TARA ကိရိယာသည် ကုန်ကျစရိတ်သက်သာသော လက်နက်များ၏ ဖျက်အားနှင့်တိကျမှုကို မြှင့်တင်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ယခုအခါ အိန္ဒိယတပ်ဖွဲ့များအတွက် အဆိုပါကိရိယာများကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သုတေသနဌာနကပြောသည်။ 

ထိုကိရိယာများကိုအသုံးပြုခြင်းအားဖြင့် လေယာဉ်များကလည်း ပစ်မှတ်နှင့် အလှမ်းဝေးသောနေရာမှ ပစ်ခတ်နိုင်မည်ဖြစ်သောကြောင့် အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ရုရှား၊ အမေရိကန်၊ တရုတ်၊ ပါကစ္စတန်၊ အစ္စရေးနှင့်ပြင်သစ်နိုင်ငံတို့က အလားတူ ကိရိယာများကိုပိုင်ဆိုင်ထားသည်။ 

MWD