ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

News Image

  • ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်    မေ     ၈

     ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်၌ကျင်းပရာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊   မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ စံပြကြက်ခြေနီများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊   အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ  တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူလူထုကျန်းမာရေးမြှင့်တင်မှု   လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန်၊ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများကို ခိုင်မာအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ဌာနေကိုယ်စားလှယ်နှင့်   အပြည်ပြည်ဆိုင်ရာ  ကြက်ခြေနီကော်မတီမှ  ဌာနေကိုယ်စားလှယ်တို့က  ဂုဏ်ပြုစကား ပြောကြားကြသည်။

ယင်းနောက်    ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်   တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ   နေပြည်တော်မှ ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီဆုရသူများကို လည်းကောင်း၊အသက် ၆၅ နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံတော်မှချီးမြှင့်သော လူမှုထူးချွန်တံဆိပ် ရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ကြောင်း သိရသည်။ 

MWD