ဘိုလော့ဂ်နာအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် နာပိုလီအသင်း အမှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့

News Image

  • ဘိုလော့ဂ်နာအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် နာပိုလီအသင်း အမှတ်ပေးဇယား ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့

နာပိုလီအသင်းဟာ  အီတလီစီးရီးအေပွဲစဉ် (၃၆) အဖြစ် မေ၁၂ ရက်က   ဘိုလော့ဂ်နာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ  ဘိုလော့ဂ်နာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပါတယ်။

နာပိုလီအသင်းနဲ့ ဘိုလော့ဂ်နာအသင်းတို့ပွဲစဉ်မှာ  နာပိုလီအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်အပြီးနာကျင်အချိန်ပို ၂ မိနစ်မှာ လော်ရန်ဇိုက တစ်ဂိုး၊   ၄၈ မိနစ်မှာ   အဲလစ်ဆင်ဆန်းတို့စ်က  တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဘိုလော့ဂ်နာအသင်းအတွက် သွင်းဂိုးတွေကို တော့    ပထမပိုင်းပွဲကစားချိန်  ၉ မိနစ်မှာ  ဘာနာဒက်ချီက   တစ်ဂိုး၊ ၃၄ မိနစ်မှာ အော်ဆိုလီနီ ကတစ်ဂိုး၊ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ ရိုဝီက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းအနေနဲ့  ဘိုလော့ဂ်နာအသင်းကို  ရှုံးနိမ့်ခဲ့ပေမယ့်  လက်ရှိအချိန်မှာ  ရမှတ် ၇၀ ရရှိထားတာကြောင့် အီတလီစီးရီးအေအမှတ်ပေးဇယားအဆင့် ၂ နေရာမှာ  ဆက်လက်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုလော့ဂ်နာအသင်းကတော့ နာပိုလီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေပွဲစဉ် ၃၆ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၂ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာသို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်

MDN