ထိုင်းနိုင်ငံ၌ တောင်အမေရိကဒေသမှ ရောက်ရှိလာသူများအား ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေး

News Image

  • ထိုင်းနိုင်ငံ၌ တောင်အမေရိကဒေသမှ ရောက်ရှိလာသူများအား ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေး

ဗန်ကောက်    မေ    ၁၂

ထိုင်းနိုင်ငံသည် နိုင်ငံအတွင်း တောင်အမေရိကဒေသမှ ရောက်ရှိလာသူများတွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံ ရောဂါပိုးမွှားထိန်းချုပ်ရေးဌာနက မေ ၁၂ ရက်တွင် ပြောကြားသည်။

ယခုဆောင်ရွက်ချက်သည် နိုင်ငံသားများအား နိုင်ငံအတွင်း ဗိုင်းရပ်စ်ကင်းရှင်းကြောင်း ယုံကြည်မှုရှိစေရန်နှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းကို အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။

စစ်ဆေးမှုများဆောင်ရွက်

ယခုအစီအမံအရ ပြီးခဲ့သည့်သီတင်းခြောက်ပတ်အတွင်း တောင်အမေရိကဒေသတွင်း နိုင်ငံ ၁၃ နိုင်ငံသို့ သွားရောက်ခဲ့သူများအား ဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ ၎င်းဒေသအတွင်းသို့ သွားရောက်ခဲ့သူများအနေဖြင့် ကျန်းမာရေးအခြေအနေဆိုင်ရာ မှတ်တမ်းများကို ကျန်းမာရေးတာဝန်ရှိသူများအား တင်ပြရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ  နိုင်ငံတကာဝင်/ထွက်နေရာ ၇၄ ခုတွင် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားထားပြီး သင်္ဘောများနှင့် နိုင်ငံတကာမှ ရောက်ရှိလာသည့် သယ်ယူပို့ဆောင်ရေးယာဉ်များကို စစ်ဆေးရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောဂါပိုးမွှားထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Montien Kanasawadse  က ပြောကြားသည်။ မေ ၉ ရက်အထိ တောင်အမေရိကဒေသမှ ပြန်လာသူ ၄၇၀ ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

MDN