ဥရောပထိပ်တန်းလိဂ်လေးခု၌ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဂျာအိုကန်ဆယ်လို မှတ်တမ်းဝင်
ဘာစီလိုနာ မေ ၁၂
ဘာစီလိုနာအသင်း တောင်ပံကစားသမား ဂျာအို ကန်ဆယ်လိုသည် အသင်းနှင့်အတူ ယခုဘောလုံး ရာသီ စပိန်လာလီဂါပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူး နိုင်ပြီးနောက် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် လိဂ် လေးခု၌ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပထမဆုံးကစား သမားဖြစ်လာကြောင်း သိရသည်။
ဂျာအိုကန်ဆယ်လိုသည် ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီက အင်တာမီလန်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အီတလီစီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် ဂျာအိုကန်ဆယ်လိုသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ၊ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတို့ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုလေးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် ဂျာအိုကန်ဆယ်လိုသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် မန်စီးတီးအသင်းမှ ဘိုင်ယန်မြူးနစ် အသင်းထံ ရာသီဝက် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ဂျာမန်ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့် အတူစပိန်လာလီဂါပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်သည့်အတွက် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် လေးခု၌ ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
Ref;TNT Football
MWD
