မိုးနဲမြို့၌ ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်း ကွင်းဆင်းဆောင်ရွက်
မိုးနဲ မေ ၁၀
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(လွိုင်လင်)မှ အစိုးရသစ်၏ ပထမရက် (၁၀၀) စီမံချက်အရ မေ ၉ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ် (OSS)ရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းများ ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ “သ” အမောင်းသင် လိုင်စင်အသစ်ပြုလုပ်ပေးခြင်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်းကို ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
MM-News-Category
