ရာသီဥတုဖောက်ပြန်မှုနှင့် အယ်နီညိုဖြစ်စဉ်ကြောင့် ယခုနှစ်တွင် တောမီးအန္တရာယ် ပိုမိုပြင်းထန်လာနိုင်

News Image

  • ရာသီဥတုဖောက်ပြန်မှုနှင့် အယ်နီညိုဖြစ်စဉ်ကြောင့် ယခုနှစ်တွင် တောမီးအန္တရာယ် ပိုမိုပြင်းထန်လာနိုင်

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ပိုမိုအားကောင်းသော အယ်နီညိုရာသီဥတုဖြစ်စဉ်တို့ကြောင့်ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုများ ပိုမိုပြင်းထန်နိုင်ကြောင်း သုတေသီများက မေလ ၁၂ ရက်တွင် သတိပေးလိုက်သည်။ 

၂၀၂၆ ခုနှစ် အစောပိုင်းကာလများတွင် တောမီးလောင်ကျွမ်းမှုနှုန်း   စံချိန်တင်မြင့်မားခဲ့ပြီးနောက်  ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ တောမီးရာသီသည် အရှိန်အဟုန်ဖြင့်စတင်နေပြီး လက်ရှိအချိန်အထိ လောင်ကျွမ်းခဲ့သော ဧရိယာမှာ ပျမ်းမျှထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်း Imperial College London မှသုတေသီဖြစ်သည့် ဒေါက်တာ သီအိုဒိုးကီးပင်းကပြောသည်။ ဇန်နဝါရီလမှ မေလပထမပတ်အထိ ဟက်တာ ၁၆၃ သန်းကျော် လောင်ကျွမ်းထားပြီး ဖြစ်သည်။

ထိုပမာဏသည် ၂၀၁၂ ခုနှစ်မှစတင်၍ မှတ်တမ်းတင်ထားနိုင်သည့် ယခင်စံချိန်များထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ အထူးသဖြင့် အာရှတိုက်၌ လောင်ကျွမ်းမှုမှာ ၂၀၁၄ ခုနှစ်က စံချိန်ထက် ၄၀ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားသည်။

အယ်နီညိုဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်း မိုးခေါင်ခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ခြင်း ဖြစ်သောကြောင့် အားကောင်းသော အယ်နီညိုဖြစ်ပေါ်လာပါက သမိုင်းတစ်လျှောက် အဆိုးရွားဆုံး တောမီးဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: ST

MWD