ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

News Image

  • ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဖျာပုံ မေ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ အထိမ်းအမှတ်အခမ်းအနားကို မေ ၈ ရက် နံနက် ၁၁ နာရီက ဖျာပုံ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါ်ရင်မြက ပေးပို့သော အပြည်ပြည် ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖျာပုံပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်ဇင်မာအေး က ဖတ်ကြားသည်။

 

ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ အငြိမ်းစားသူနာပြုဆရာမကြီး ဒေါ်သန်းမြင့်အား တာဝန်ရှိသူများက ဂါရဝပြုလက်ဆောင်များ ပေးအပ်ကြပြီး၂၀၂၅ ခုနှစ်အတွင်း ဖျာပုံပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသူများအား ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။ 

 

ခရိုင်(ပြန်/ဆက်)

MDN